SPARK EROSION ကို ရှာဖွေခြင်း
MAN B&W ရဲ့ Service
Letter အရ Main Bearing တွေ အလွန်အကျွံပွန်းစားသွားတာကို အချိန်မှီမတွေ့ရှိတာကြောင့်
Spark Erosion အခြေအနေတွေ ဖြစ်ပ်ါနေတယ်လို့ ဆိုပါတယ်… Main Bearing Top Clearance နဲ့
Cranksahft Deflection တွေကို တိုင်းတဲ့ အခါ ရရှိလာတဲ့ အတိုင်းအထွာကို သက်ဆိုင်ရာအင်ဂျင်ရဲ့Reference
Value နဲ့ နှိုင်းယဉ်ရမဲ့အစား Instruction Manual ထဲက Maximum Value တွေနဲ့ နှိုင်းယှဉ်နေကြတာကြောင့်
Main Bearing စားသွားတာကို သိရတာ အလွန်နောက်ကျသွား ပါတယ်လို့ ဆိုပါတယ်…
MAN B&W ရဲ့ အကြံပြုချက်ကတော့
အနည်းဆုံး တနှစ်တခါ Main Bearing Top Clearance နဲ့ Crankshaft Deflection တိုင်းထွာဖို့ပါပဲ…
တိုင်းထွာပုံနဲ့ အချိန်အပိုင်းအခြားကို Instruction Manual ထဲမှာ ရှိပြီး မကြာခဏ တိုင်းထွာတာဟာလည်း
အခြေအနေ စောင့်ကြည့်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်လို့ ဆိုပါတယ်…
Spark Erosion လက္ခဏာကို ရှာဖွေသိရှိနိုင်ဖို့
MAN B&W Service Letter က ဓါတ်ပုံလေးတွေနဲ့ ဖေါ်ပြထားပါတယ်…
Journals တွေ၊ Main Bearing တွေ၊ Thrust Collar တွေမှာတွေ့ရမဲ့ သိသာမြင်သာတဲ့ ပုံတွေဖြစ်ပါတယ်…
ကိုးကား (Reference) ။ ။ DNV Casualty Information No. 2-11, April
2011
MAN
B&W Service Letter SL08-498/ABB
No comments:
Post a Comment
Note: Only a member of this blog may post a comment.