Tuesday, September 2, 2014

Two Stroke Engines ရဲ့ Cylinder Liner မှာ တွေ့ရတဲ့ အမဲကွက်များ (Black Spots)

အခုအချိန်မှာ Two Stroke အင်ဂျင်တွေဟာ Slow Steaming နဲ့ မောင်းနေပြီဖြစ်ပါတယ်… Conventional Type Engine တွေဟာ… Engine Load ကို ၄၀% MCR ထိပဲ လျှော့ချလို့ရပေမဲ့ B&W ရဲ့ Slide Fuel Valve တပ်ဆင်ထားတဲ့ အင်ဂျင်များ၊ Sulzer / B&W ရဲ့ Camless Engine တွေဟာ ၁၀% MCR အထိ လျှော့မောင်းနေပြီဖြစ်ပါတယ်… 

အဲဒီလိုလျှော့မောင်းတဲ့နေရာမှာ ၁၀% MCR ဆိုပေမဲ့ အဓိက သတိထားပြီး ကြည့်ရမဲ့ အချက်ကတော့ Exhaust Temperature ဖြစ်ပါတယ်…  Sulzer က အနိမ့်ဆုံး Exhaust Temperature ကို ၂၅၀ ဒီဂရီ စင်တီဂရိတ် သတ်မှတ်ထားပါတယ်… B&W ကတော့ ၂၃၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါတယ်…. အနိမ့်ဆုံးကတော့ ၂၃၀ ဒီဂရီ စင်တီဂရိတ် ထက် လျှော့မမောင်းသင့်ပါဘူး… ဆိုလိုတာက အင်ဂျင်ပါဝါ ၁၀% MCR မှာ အိပ်ဇောက ၂၃၀ဒီဂရီအောက် ရောက်နေရင် rpm ကိုတင်ပြီး ပါဝါမြှင့်မောင်းရမှာ ဖြစ်ပါတယ်… (၁၁%၊ ၁၂% MCR အစရှိသည်)….

၂၃၀ ဒီဂရီအောက်ကို ဘာကြောင့်မချရတာလဲ ဆိုရင် Cold Corrosion ကို ရှောင်ချင်လို့ တနည်းအားဖြင့် Sulphuric Acid Dew Point Temperature ကို ရှောင်ချင်လို့ ဖြစ်ပါတယ်… 

အဲဒီလို Slow Steaming နဲ့ မောင်းနှင်လာတဲ့အခါ Cylinder Liner wall တွေမှာ Black Spots တွေကို တွေ့လာရပါတယ်… အဓိကတွေ့တဲ့နေရာကတော့ Lubricator Quills နဲ့ Scavenge Ports ကြားမှာပါ… ပထမတော့ ဘာကြောင့်ဖြစ်လဲဆိုတာ မသိဘူးခင်ဗျ… နောက်မှ အဲဒါနဲ့ ပတ်သက်ပြီး Sulzer က Service Letter လေးတခုကို တွေ့လို့ အခုလို ပြန်လည်မျှဝေနိုင်ခြင်း ဖြစ်ပါတယ်…

အဲဒီ Black Spot တွေကို Analysis လုပ်တဲ့အခါမှာ ကယ်လစီယမ် ဆာလဖိတ် အများဆုံးပါဝင်တယ်လို့ဆိုပါတယ်… အဲဒီ ကယ်လစီယမ်ဆာလဖိတ်ကို ဂျစ်ပဆမ်(ကျောက်ပတ်တီးမှုန့်) လို့ သိကြပါတယ်…

Cylinder Oil မှာပါဝင်တဲ့ ကယ်လဆီယမ်ကာဘွန်နိတ်ဓါတ်ပေါင်းဟာ ဆာဖျူရစ်အက်စစ်ငွေ့ရည်ကို ဓါတ်ပြယ်စေခြင်းမှ ကယ်လဆီယမ်ဆာလဖိတ်ဓါတ်ပေါင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်… Corrosion ကိုကာကွယ်ဖို့အတွက် ဆာဖျူရစ် အက်စစ် ငွေ့ရည်ကို ဓါတ်ပြယ်အောင်လုပ်ဖို့ လွန်စွာ အရေးကြီးပါတယ်… 

ပုံမှန်အတိုင်းဆိုရင် အဲဒီ ကယ်လဆီယမ် ဆာလဖိတ်တွေကို အသစ်အသစ်သော… စဉ်ဆက်မပြတ်သော Cylinder Oil တွေက ဖယ်ရှားပေးပါတယ်… Liner Surface ရဲ့ တချို့နေရာတွေမှာ အသစ်အသစ်သော Cylinder Oil နဲသွားတဲ့ အခါမျိုးမှာ ကယ်လဆီယမ် ဆာလဖိတ်တွေ စုသွားပြီး  အကွက်တွေဖြစ်သွားပါတယ်… Soot တွေ၊ combustion related Products တွေနဲ့ ထိတွေ့ပြီး အမဲရောင်အကွက်တွေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်… Cylinder Oil အသစ်တွေ ထပ်ကာထပ်ကာ မရောက်နိုင်တဲ့နေရာတွေကတော့ နဂိုထဲက Corrosion  ဖြစ်ထားပြီးသား နေရာတွေဖြစ်နိုင်ပါတယ်… အဲဒီနေရာတွေဟာ အနည်းငယ် ကြမ်းနေပြီး နဲနဲနိမ့်နေပါတယ်…

ဖြစ်ပေါ်စေနိုင်တဲ့ အချက်တွေကတော့ Liner Wall အပူချိန်၊ ဆီထဲမှာ ဆာလဖာပါဝင်မှု၊ လေထဲရေငွေ့ပါဝင်မှု၊ Cylinder Oil Feed Rate အစရှိသည်တို့ ဖြစ်ပါတယ်…

အက်စစ် ရဲ့Dew Point Temperature အထက်မှာ ရှိနေခြင်းအားဖြင့် ဆာလဖျူရစ်အက်စစ်ငွေ့ရည်များ liner နံရံတွင် စုဖွဲ့ခြင်းကို ကာကွယ်ပေးပြီး Corrosion နဲ့ Black Spot ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်…

Dew Point Temperature သည် ခက်ခဲရှုတ်ထွေးသော သတ်မှတ်ချက်တခု ဖြစ်ပြီး ထွက်ပေါ်လာတဲ့အက်စစ်ရဲ့ ပမာဏ၊ ပြင်းအား၊ ဆလင်ဒါ တွင်းရှိ ဖိအားတို့နဲ့ ဆက်နွယ်နေပါတယ်…

Cylinder Cooling Water Temperature တွေကို ဂရုစိုက်ရမယ်… Air Cooler က (Condensate) ရေတွေ ဆလင်ဒါထဲ မရောက်အောင် Air Cooler Drain တွေ၊ Water Separator တွေကို ဂရုစိုက်ရမယ်… Scavenge Air Temperature ကို အကြံပြုထားတဲ့ level မှာထားရမယ်လို့ Service Letter က ဆိုပါတယ်…

Black Spots တွေဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်… 

မတူညီတဲ့အင်ဂျင်ရဲ့ မောင်းနှင်မှုတွေကြားမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်ပြီး အန္တရာယ်ပေးလောက်တဲ့ အခြေအနေကို မတွေ့ရပါဘူးဆိုတာကို service letter မှာတွေ့ရသလို… ကျွန်တော်တို့ရဲ့ Main Engine မှာလည်း မကြာခဏတွေ့လိုက်ပျောက်လိုက် ဖြစ်နေတဲ့အကြောင်း တင်ပြလိုက်ရပါတယ်…

ဓါတ်ပုံလေးတွေနဲ့ တင်ပြချင်ပေမဲ့ အသိမ်းလွန်ပြီးပျောက်နေတယ်ခင်ဗျာ… နောက်မှပဲ တင်ပေးပါ့မယ်…