Sunday, June 21, 2015

Don’t skip the warm-up or cool-down

ဒီခေါင်းစဉ်လေးနဲ့ ရေးထားတဲ့ Harvard Medical School ရဲ့ ဆေးပညာပေးဆောင်းပါးလေးတွေ့တော့ ဒီခေါင်းစည်းလေးဟာ ကျွန်တော်တို့ Marine Engineering နဲ့လည်း သက်ဆိုင်နေတာတွေ့ရပါတယ်။

သူရေးထားတာကတော့ အားကစားလေ့ကျင့်ခန်း (Workouts) တွေလုပ်တဲ့အခါ warm-up နဲ့ စတင်သင့်ပြီး cool-down နဲ့ အဆုံးသတ်ရမယ်လို့ ဆိုပါတယ်။ Warm-up မလုပ်ခဲ့ရင် cold muscles တွေ injury ဖြစ်နိုင်ပြီး cold-down လုပ်ခြင်းဖြင့် ကြွက်တက်ခြင်း၊ မူးဝေခြင်းတို့ကို မဖြစ်စေနိုင်တော့ပါ။

ကျွန်တော်တို့ရဲ့ engine တွေဟာ လူတွေလိုပဲ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ စက်ဦးနှောက်ဖြစ်တဲ့ Governor ရှိတယ်။ သွေးသားအဖြစ် Engine Oil နဲ့ Cooling Waterတွေရှိတယ်။ လူတွေအစာစားပြီး အလုပ်တွေလုပ်ကိုင်သလို စက်တွေကလဲ Fuel Oil တွေကို စားသုံးပြီး အလုပ်တွေကို လုပ်ပေးပါတယ်။

ဒါကြောင့်မို့ အင်ဂျင်တလုံးကို စနှိုးတဲ့အခါ warm-up လုပ်ရပြီး ရပ်တဲ့အခါမှာလဲ cool-down လုပ်ရတာ စက်ခန်းကလူတွေ အားလုံးသိကြပါတယ်။ စက်ခန်းက မဟုတ်တဲ့လူတွေကတော့ တခါတလေ အဲဒီ step တွေကို ကျော်ချင်ကြပါတယ်။ နာရီဝက် တနာရီလောက်တောင် မစောင့်ချင်ပဲ စက်ကို အရမ်းတင်ပြီးမောင်းချင်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာ စက်ခန်းကို Pressure ပေးကြပါတယ်။ စက်ခန်းကလဲ အပေါ်က pressure ကြောင့် warm-up မဖြစ်သေးတဲ့ engine ကို စက်ရှိန်တင်ခွင့် ပြုမိတတ်ပါတယ်။ အဲဒီလို engine warm-up မဖြစ်သေးပဲ စက်ရှိန်တွေတင်ခဲ့လို့ Cylinder Liner တွေကွဲခဲ့တဲ့ သာဓက (Thermal Cracks) တွေရှိခဲ့ပါတယ်။ Dockyard က ထွက်လာတဲ့ သဘောင်္တစင်းဟာ Charter မမှီမှာစိုးလို့ သေချာစွာ Warm-up မဖြစ်သေးတဲ့ အင်ဂျင်ကို အတင်းတင်ပြီးမောင်းတဲ့အခါ Liner ၂ လုံးကွဲခဲ့ရပါတယ်။ စက်ရပ်ပြီး Liner တွေလဲခဲ့ရလို့ Charter လဲမမှီ စက်ပြင်ဆင်ရတဲ့ စရိတ်တွေလဲ ကုန်ကျခဲ့ရသလို စက်ခန်းကလူတွေလဲ ပင်ပန်းခဲ့ရပါတယ်။

အခုခေတ်ကတော့ Speed up၊ Speed down Program တွေနဲ့ မောင်းနေတာဆိုတော့ ပြဿ    နာ မရှိတော့ဘူးထင်ပါတယ်။ ဒါပေမဲ့ တခါတခါ Cancel Limitter တွေလုပ်ချင်ကြတယ်။ သဘောင်္စထွက်တဲ့ အချိန်မှာ စက်ရှိန်ကို ဖြည်းညင်းစွာတင်ခြင်းအားဖြင့် ဆီစားနှုန်းကိုလဲ သက်သာစေပါတယ်။ ဒါကတော့ Main Engine Warm-up လုပ်တာကို ပြောတာပါ။

Generator Engines တွေကိုလည်း warm-up လုပ်သင့်ပါတယ်။ အခုခေတ်က automation ခေတ်ဆိုတော့ ECR ကနေ ခလုပ်ကလေးတချက်နှိပ်လိုက်ရင် စက်နိုးပြီး အလိုအလျှောက် Load Share လုပ်သွားတဲ့ခေတ် ဖြစ်ပါတယ်။ ဒီလိုမောင်းလို့ ရတာကလည်း Medium Speed နဲ့ High Speed Diesel Engines တွေ ဖြစ်တာကြောင့် စက်အစိတ်အပိုင်းတွေဟာ သေးငယ်ပြီး ဟန်ချက်ညီ temperature ကို လျှင်မြန်စွာရောက်ခြင်းကြောင့် ဖြစ်ပါတယ်။ တချို့ အင်ဂျင်နီယာတွေရဲ့ Remote System ကနေ စက်နှိုးတဲ့အကျင့်၊ စက်ရဲ့ Idle မောင်းနှင်မှု အခြေအနေတွေကို စောင့်မကြည့်တော့ပဲ Load တင်တဲ့ အကျင့်တွေကြောင့် Generator Engine တွေ Damage ဖြစ်ရပါတယ်။ စက်နှိုးပြီးရင် စက်သံမှန် မမှန် နားထောင်ရမှာဖြစ်သလို Pressure၊ Temperature တွေကိုလည်း ကြည့်ရှုပြီးမှ Load တင်ရမှာ အင်ဂျင်နီယာတိုင်း သိပါတယ်။ သို့သော်လည်း တခါတလေ ပေါ့ဆမိတာကြောင့် Exhaust Valve ကပ်နေတာကို မသိပဲ Load တင်မိလို့ Exhaust Valve ပြတ်ကျပြီး Cylinder Head၊ Piston နဲ့ Liner တွေပျက်စီးကာအသစ်လဲလှယ်ခဲ့ရတဲ့ အဖြစ်တွေ ရှိခဲ့ဘူးပါတယ်။

အများအားဖြင့် Generator Engine တွေရဲ့ Jacket Heater တွေဟာ Engine ရပ်ထားတဲ့ အခါ လိုအပ်တဲ့ Warming Up  အပူချိန်ရောက်အောင် မတင်နိုင်တဲ့ ပြဿ  နာတွေရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ စက်နှိုးတဲ့အခါ လုံလောက်တဲ့ Warming up အခြေအနေရောက်ရှိဖို့ auto start တွေနဲ့ စက်နှိုး Load တင်မဲ့ အစား Local ကနေ စက်နှိုး၊ စက်အခြေအနေ စစ်ဆေးပြီး Jacket CW Temperature တက်လာမှ Load တင်သင့်တဲ့ အကြောင်းတင်ပြလိုက်ရပါတယ်။

Generator Engine တချို့မှာ Thermostatic Valves တွေ မကောင်းတာကြောင့် JCW Outlet Temperature နိမ့်နိမ့်တွေနဲ့ မောင်းနေတာလဲ တခါတရံတွေ့ရပါတယ်။ JCW Outlet Temperature ကို Maker သတ်မှတ်ထားတဲ့အတိုင်း ထားမောင်းရမှာဖြစ်ပေမဲ့ တခါတလေ spare parts မရှိခြင်း၊ တခြားအရေးကြီးလုပ်ဆောင်ရမဲ့ အလုပ်တွေရှိနေခြင်း၊ Temperature နိမ့်နိမ့်နဲ့ မောင်းလဲရတယ်လို့ ယူဆခြင်းတွေကြောင့် အရေးတယူ ဆောင်ရွက်ခြင်း မရှိတာ တွေ့နေရပါတယ်။ မှန်ပါတယ်။ ရေတိုပြဿ   နာမရှိပေမဲ့ ရေရှည်မှာတော့ ပြဿ    နာတွေ ဖြစ်လာပါတယ်။ Thermal Shocking တွေဖြစ်ရင်းနဲ့ Component တွေ Failure ဖြစ်မယ်။ Cylinder Liner ထဲမှာ ရေနဲ့ အက်စစ်တွေ ဖြစ်တည်ပြီး Lubricating Oil Film တွေကို ဖယ်ရှားကာ Corrosion တွေဖြစ်ပွားမယ်။ Liner တွေစားကုန်ပြီး Lubricating Oil Consumption တွေတက်မယ်။ Blow Past တွေဖြစ်ပြီး Lubricating Oil တွေ ပျက်စီးမယ်။

Generator Engine တွေကို ရပ်တဲ့အခါမှာလဲ automation စနစ်တွေက Engine ကို Load ဖြုတ်ပြီးရင် Idling နဲ့ 5/10 minutes ဆက်မောင်းပြီးမှ ရပ်စေပါတယ်။ ဒါကြောင့် လိုအပ်တဲ့ Cool-down တွေဖြစ်ပြီး ရပ်တဲ့အချိန်မှာ အင်ဂျင်အစိတ်အပိုင်းတွေ overheat ဖြစ်ခြင်း၊ Turbocharger တွေကို လိုအပ်တဲ့ Cool-down ဖြစ်စေပြီး Turbine Bearing Housing တွေမှာ Lubricating Oil Coking ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ 

ဒီနေရာမှာ Coke အကြောင်း ExxonMobil က ဒီလိုရေးပါတယ်။

“Coke” is the solid residue remaining when oils undergo severe oxidative and thermal breakdown at extreme engine temperatures.

ဒါကြောင့်မို့ လုံလောက်တဲ့ engine cool-down ဖြစ်ဖို့ လိုအပ်ပါတယ်။

အဲဒီတော့ လူတိုင်းသိရှိ လိုက်နာဆောင်ရွက်သင့်တဲ့ Don’t skip the warm-up and cool-down ဆိုတာလေးကို ထပ်မံတင်ပြအပ်ပါတယ်။ 

Thursday, June 11, 2015

SCAVENGE FIRE


Starting Air Line Explosion အကြောင်းပြီးတော့ Scavenge Fire အကြောင်းရေးချင်လာပါတယ်။ အဓိကရေးချင်တာက Scavenge Fire ဘာကြောင့်ဖြစ်တယ်၊ ဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာထက် Scavenge Fire မဖြစ်ခင် ကြိုတင်သိနိုင်တဲ့ အကောင်းဆုံး Observation နည်းလမ်းလေးကို ပြောချင်တာပါ။ လူတိုင်းလဲသိ လွယ်ကူတဲ့ နည်းလမ်းဖြစ်နေတော့ အရေးတယူ မလုပ်မိမှာစိုးလို့ တလတခါ လုပ်သင့်ပါတယ် ဆိုတဲ့အကြောင်း တင်ပြချင်တာပါ။
Scavenge Fire ကတော့ အားလုံးသိတဲ့အတိုင်း Cylinder Liner နဲ့ Piston တွေ အလွန်အကျွံ ပွန်းစားမှုရဲ့ အကျိုးဆက်ကြောင့်သော်၎င်း၊ Cylinder Lubrication များနေလို့သော်၎င်း၊  Scavenge Space မှာ Oil & Sludge တွေဟာ စုဝေးမိနေပါတယ်။ တကယ်လို့များ ပစ်စတင်ဟာ Blow Past ဖြစ်နေခဲ့ရင် Combustion Space က မီးပွားများဟာ Scavenge Space ကိုရောက်လာပြီး ခုနင်က စုဝေးမိနေတဲ့ Oil & Sludge တွေ မီးလောင်ကာ Scavenge Fire ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ Incorrect Atomisation of Fuel ကြောင့်သော်၎င်း၊ Scavenge Drain Line တွေ ပိတ်ဆို့နေခဲ့ရင်သော်၎င်း၊ Scavenge Space မှာ Oil & Sludge တွေ စုဝေးမိနေစေပြီး Scavenge Fire ဖြစ်ပွားနိုင်ပါတယ်။

Scavenge Fire ဖြစ်ရင် ၎င်း unit ရဲ့ Exhaust Gas Outlet Temperature နဲ့ Scavenge Space Temperature တက်ပြီး High Temperature Alarm တွေလာမယ်။ Turbocharger Surging ဖြစ်မယ်။ Black smoke တွေ ထွက်မယ်။ Engine Slow Down ဖြစ်သွားမယ်။

Scavenge Fire ဖြစ်ပြီဆိုရင် အားလုံးသိတဲ့အတိုင်း Engine ကို Auto Slow Down မဖြစ်ပါက Slow Down လုပ်မယ်။ ၎င်း Unit ကို Increase Cylinder Lubrication လုပ်မယ်။ Electronically Controlled  Engine၊ ဒါမှမဟုတ် အင်ဂျင်မရပ်ပဲ Fuel Pump Roller Guide ကို Lift လုပ်နိုင်တဲ့ Pneumatic Cylinder ပါတဲ့ Conventional Engine ဆိုရင်၊ ၎င်း Unit ကို Fuel Cut Out လုပ်ရပါမယ်။ အဲလိုလုပ်ရင်း မီးငြိမ်းသွား မသွားကြည့်မယ်။ မီးလောင်နေတာမရပ်ရင်တော့ Bridge ကို အကြောင်းကြားပြီး အင်ဂျင်ကို ရပ်မယ်။ ရပ်ပြီးတာနဲ့ Auxiliary Blowers တွေကို Switch Off လုပ်မယ်။ Turbocharger Air Filter တွေကို Seal လုပ်မယ်။ (လေအသစ်မဝင်နိုင်အောင်)။ Turning Gear Engage လုပ်ပြီး Engine ကို လှည့်မယ်။ Cylinder Lubrication ဆက်ပေးမယ်။ Scavenge Air Box ကို မီးငြိမ်းသတ်တဲ့စနစ်နဲ့ မီးသတ်မယ်။

Scavenge Air Box က Cool Down ဖြစ်သွားပြီး အပူချိန် ၁၀၀ ဒီဂရီ အောက်ရောက်သွားရင်တော့ Scavenge Air Box ကိုဖွင့်ပြီး Dry Deposite နဲ့ Sludge တွေကိုဖယ်ထုတ်မယ်။ စစ်ဆေးရေးတွေလုပ်မယ်။ လိုအပ်သလို Repair and Maintenance တွေလုပ်ဆောင်မယ်။

အဲဒါတွေကတော့ စာတွေ့နဲ့ အတွေအကြုံလေးတွေကို မှီငြမ်းရေးထားတာ။

ကြုံတုန်းလေး MAN B&W Engine 8K 90 MC-C ကို ပထမဆုံးအကြိမ် Pneumatic Cylinder နဲ့ Fuel Pump Roller Guide ကို Lift လုပ် Fuel Cut Out လုပ်ပြီးနောက် Noraml Running Position ကို ပြန်ချမရပဲ ချွေးပြန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကို သတိတရ ပြောပြချင်ပါတယ်။ Instruction Manual က ပြထားတဲ့အတိုင်း လှည့်တာပါပဲ။ မရဘူးခင်ဗျ။ ဟိုဘက်လှည့်လိုက် ဒီဘက် လှည့်လိုက်နဲ့ အတော်ချွေးပြန်ခဲ့ရတယ်။

Maunal မှာရေးထားတာက ရှင်းရှင်းလေး။ Lift the knob on the dial of the 4/3 directional control valve and turn the dial to position 1. အဲလိုလုပ်ရင် air cylinder က Fuel Pump Roller Guide ကို Lift လုပ်လိုက်ပါတယ်။ Lift လုပ်ပြီးရင် 4/3 directional control valve ကို Zero Position ပြန်ထား။ ဒါကတော့ ရှင်းလဲရှင်းတယ်။ လုပ်ရတာလဲ အဆင်ပြေတယ်။ Engine မောင်းနေတုန်း လွယ်လွယ်ကူကူပဲ Lift လုပ်လိုက်နိုင်တယ်။ 

Roller Guide ကို ပြန်လဲချရော ချလို့မရတော့ဘူး။ Manual မှာရေးထားတဲ့အတိုင်း စက်ကိုရပ် Turning Gear ထည့်။ Cam Cover ကိုဖွင့် Turning Gear လှည့်။ To lower the roller guide again, lift the knob on the 4/3 directional control valve and turn the dial to position 2 လို့ Manual မှာ ရေးထားပါတယ်။ ဒါပေမဲ့ Directional Control Valve မှာ Position 2 ဆိုတာ မရှိဘူး။ လှည့်မရဘူး။ ချွေးကိုပြန်ရော။ တကယ့်ကို ဒုက္ခရောက်တာပါပဲ။ နောက်ဆုံးကျမှ Manual မှာရေးထားသလို Turn the dial မဟုတ်ပဲ Press the dial ဆိုတာ သွားတွေ့ရတယ်ခင်ဗျာ။ Dial လေးကို ဖိလိုက်တော့မှ Roller Guide လဲ မူလနေရာ ပြန်ရောက်သွားပြီး ရင်အေးသွားရပါတယ်။ Manual ထဲကနဲ့ မတူတဲ့ Directional Control Valve တပ်ထားတဲ့ပြဿ    နာလေးပါ။ ကြုံလို့ပြောတာ အတော်ရှည်သွားပြီ။

Scavenge Fire မဖြစ်အောင် တလတခါ လုပ်သင့်တဲ့ Observation ကတော့ Peep Hole Inspection သို့မဟုတ် Scavenge  Port Inspection ပါပဲ။

၎င်း Inspection ကို ပြုလုပ်ခြင်းဖြင့် Cylinder Liners တွေ၊ Pistons နဲ့ Rings တွေရဲ့ အခြေအနေကို သိရှိနိုင်ပါတယ်။ Cooling Water နဲ့ Oil တွေကို လှည့်ထားခြင်းဖြင့် Leakage ရှိမရှိကိုလည်း သိနိုင်ပါတယ်။ 

Piston ကို BDC ရောက်လုနီးအထိလှည့်ပြီး Piston, Rings နဲ့ Liner Wall တွေကို စစ်ဆေးနိုင်ပါတယ်။ ပထမဆုံး Rings တွေမှာ ရှိနေတဲ့ Cylinder Oil အခြေအနေကိုကြည့်မယ်။ (Wet or Dry or Optimum)။ ပြီးရင် Piston နဲ့ Rings တွေကို Rags နဲ့ သန့်ရှင်းလိုက်ပြီး စစ်ဆေးရပါမယ်။ 

၁။ Good Condition 

Piston Rings တွေနဲ့ Liner Wall တွေ ဝင်းပြောင်နေရင် အခြေအနေကောင်းပြီပေါ့ဗျာ။

၂။ Micro-Seizure

Piston Ring ရဲ့ Edge တွေဟာ ပွန်းစားပြီး Sharp ဖြစ်နေနိုင်ပါတယ်။ သို့သော်လည်း မညီမညာ အစွန်း (Sharp Burrs) မဖြစ်ရပါဘူး။ အဲလိုတွေတွေ့ရပြီဆိုရင်တော့ Cylinder Lubrication နည်းပြီး Micro Seizure ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ အဲလို မညီမညာ အစွန်း (Sharp Burrs) တွေကို တွေ့တာနဲ့ ၎င်း Unit ရဲ့ Cylinder Lubrication ကို တိုးပေးခြင်းဖြင့် Recover ပြန်ဖြစ်နိုင်ပါတယ်။ အဲဒါကို မသိရင်တော့ Rings တွေ Liner တွေ အလွန်အကျွံ ပွန်းစားပြီး နောက်ဆက်တွဲအကျိုးအဖြစ် Scavenge Fire ဖြစ်ခြင်း Liner/Piston Rings အသစ် လဲရခြင်းတွေ ဖြစ်စေပါတယ်။

၃။ Scratched

Piston Rings တွေပေါ်မှာ Hard Abrasive Particles တွေကြောင့် အစင်းကြောင်းတွေ တွေ့နိုင်ပါတယ်။

၎။ Sticking

Piston Rings တွေဟာ Hard and Thick Carbon Deposit တွေကြောင့် Sticking ဖြစ်ရပါတယ်။ Sticking ဖြစ်ပြီးရင် Ring တွေ ကိုးနိုင်ပါတယ်။

Ring ဟာ Groove ထဲမှာ Freely Move ဖြစ်နေသလားဆိုတာကို သိရအောင် Piston ကို Ahead/Astern အနည်းငယ် ကစားပေးခြင်းဖြင့် သိနိုင်ပါတယ်။ ဒါဆိုရင် Piston Ring Sticking ဖြစ် မဖြစ်သိပြီပေါ့။  ဒါမှမဟုတ် Wooden Stick နဲ့ Ring ကို ဖိကြည့်ခြင်းဖြင့်နိုင်ပါတယ်။ 

၅။ Braekage/Collapse

Wooden Stick နဲ့ ထိုးကြည့်လို့ Rings ရဲ့Elastic Tension မရှိတော့ရင်၊ Rings တွေ မဲနေရင် (Blackish Appearance)၊ ကျိုးနေတာ ပျောက်နေတာတွေတွေ့ရင် Ring မကောင်းတော့ဘူးဆိုတာ သိပြီပေါ့။

အဲလိုဖြစ်တာတွေ့ရင် Blow-By ဖြစ်နေပြီပေါ့။ Scavenge Fire ဖြစ်နိုင်တာပေါ့။ အဲဒီလိုအခြေအနေဆိုရင် Unit Overhauling လုပ်ပြီး Piston Ring တွေကို အသစ်လဲသင့်ပါတယ်။ 

ဒါကြောင့်မို့ Scavenge Port Inspection သို့မဟုတ် Peep Hole Inspection ကို အနည်းဆုံး တလတကြိမ် လုပ်သင့်ပါတယ် ဆိုတဲ့အကြောင်းနဲ့ အဲဒီလိုစစ်ဆေးခြင်းအားဖြင့် Scavenge Fire ဖြစ်ခြင်းကို ကာကွယ်နိုင်သလို Cylinder Lubrication လည်း Optimum ဖြစ် မဖြစ် သိရှိနိုင်ပါတယ်။

Cylinder Lubrication ကလည်း အလွန်အရေးကြီးပါတယ်။ Lack of Lubrication ရော Excessive Lubrication ရော မဖြစ်အောင် လုပ်ရမှာပါ။ 

ယခုအခါမှာ Lubricant Maker တွေက Engine ရဲ့ Scrape Down Oil (Unit တခုစီရဲ့ Scavenge Drain က Used Cylinder Oil) တွေကို Test လုပ်တဲ့ နည်းစနစ်နဲ့ ကရိယာတွေကို တီထွင်လိုက်ပါပြီ။ ExxonMobil ကထုတ်လုပ်တဲ့ MobilGard Monitor (Iron Content Tester) နဲ့ စမ်းခြင်းဖြင့် Scrape Down Oil ထဲမှာ Iron ပါဝင်မှုနှုန်းကို သိရပါတယ်။ ပြီးတော့ DG Cell (TBN Tester) နဲ့ TBN ကိုလဲ Test လုပ်ရပါတယ်။ Iron Content (0-200) နဲ့ TBN Value (15-35) ဆိုရင် Safe Condition ဖြစ်ပါတယ်။ Iron Content (200-250) နဲ့ TBN Value (10-15) အတွင်းဆိုရင် Alert Condition ဖြစ်ပြီး Iron (>250) နဲ့ TBN Value (0-10) ဆိုရင် Danger Condition ဖြစ်ပါတယ်။ ထွက်လာတဲ့ အဖြေ Iron Content နဲ့ TBN Value ပေါ်မှာ မူတည်ပြီး Cylinder Lubrication Feed Rate ကို Adjust လုပ်ရမှာ ဖြစ်ပါတယ်။

Reference: MAN B&W / ExxonMobil

Sunday, June 7, 2015

Starting Air Line Explosion



ဒီအကြောင်းလေးရေးချင်နေတာ ကြာပါပြီ။ ကျွန်တော်တို့ ကုမ္ပဏီက သဘောင်္ ၃ စီးမှာ မကြာသေးခင်က ဖြစ်ခဲ့တယ်။ ဖြစ်တဲ့ အင်ဂျင်တွေကလဲ ကမ္ဘာကျော် ကုမ္ပဏီကြီး ၂ ခုက ထုတ်လုပ်ထားတဲ့ အင်ဂျင်တွေဖြစ်နေတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းရင်း ကတော့ Lack of Maintenance & Observation လို့ပဲထင်ပါတယ်။ ဒီနှစ်ခုကလဲ ကျွန်တော် တို့ ရေကြောင်းအင်ဂျင်နီယာတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေတာကြောင့် ရေးမိတာပါ။ လိုအပ်ချက်တွေ ရှိရင်လဲ ဝေဖန်ထောက်ပြပေးပါ ခင်ဗျား။

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း

၁။ လောင်စာ (Fuel)

Compressed Air နဲ့ အတူပါလာတဲ့ Air compressor မှ Lubricating Oil တွေ၊ Leaking Staring Air Valve က တဆင့် Combustion Chamber က Unburnt Fuel တွေ၊ Starting Air Line Manifold ထဲကို ရောက်နေမယ်။

၂။ အပူ (Heat)

ဒါကတော့ Leaking Starting Air Valve ကနေတဆင့် Manifold ထဲမှာ ရှိနေမယ်။

၃။ အောက်ဆီဂျင် (Oxygen)

Starting Air Line Manifold ဆိုတော့ ရှိနေပြီပေါ့ဗျာ

ပေါက်ကွဲမှုကတော့ သိတဲ့ အတိုင်း ၃ခုပေါင်းလို့ ဖြစ်ရတာပါ။

ကိုယ်တိုင် တခါမှ မကြုံဘူးပေမဲ့ အခုလို ၁ နှစ် ၂ နှစ်အတွင်း ကျွန်တော်တို့ ကုမ္ပဏီမှာ ဖြစ်ခဲ့တဲ့ Incident က ၃ ခု ဆိုတော့ ဒီကိစ္စက ပေါ့ဆလို့ မရဘူးဆိုတာ သတိပြုမိလာတယ်… ကံကောင်းထောက်မစွာ လူတွေကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး…

ဖြစ်စေတဲ့ အကြောင်းရင်း

ဖြစ်စေတဲ့ အကြောင်းရင်းကတော့ Lack of Maintenance နဲ့ Lack of Observation ပါပဲ။

Maintenance ကတော့ သတ်မှတ်ထားတဲ့ Running Hours ရောက်ရင် Starting Air Valve တွေကို Overhaul လုပ်ရမယ်… Clearance တွေ Maker သတ်မှတ်ထားတဲ့ Limit တွင်းမှာ ရှိ၊ မရှိ စစ်ဆေးမယ်။ Air Compressor တွေကိုလဲ Air Line ထဲ Lube Oil တွေ အများကြီးပါမသွားအောင် ကောင်းအောင် လုပ်ထားရမယ်။ Starting Air Bottles နဲ့ Starting Air Line တွေကို မှန်မှန် Drain လုပ်ပေးရမယ်။

Observation အပိုင်းကတော့ အရေးကြီးပါတယ်။ Duty Engineer နဲ့ Oiler တို့က Manoeuvring အချိန်အတွင်း စက်ခန်းရှိ Machinery တွေရဲ့ Conditon တွေကို အမြဲမပြတ်စစ်ဆးနေရသလို Starting Air Pipe တွေရဲ့ အပူချိန်ကို လက်ခုံနဲ့သော်၎င်း၊ Remote Digital Thermometer နဲ့သော်၎င်း၊ အမြဲမပြတ် စစ်ဆေးနေရပါမယ်။

Starting Air Valve တွေဟာ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ Arrival Maneouvring တွေမှာ ကပ်သွားတတ်ပါတယ်။ Jammed in close position ပါ။ အဲဒီအချိန်မှာ Starting Air Valve က ပိတ်လျက်အနေအထားမှာ ကပ်သွားတာဆိုတော့ စက်နှိုးပြီးတိုင်း လေပြန်အန်ထွက်တဲ့ အသံ အကျယ်ကြီး ကြားရပါတယ်… အဲလိုကြားရတဲ့ Starting Air Valve ကို မှတ်ထားပြီး ဆိပ်ကမ်းကပ်ပြီးတာနဲ့ ဖြုတ်လဲရမှာပါ… အဲဒီအခြေအနေကို Duty Engineer နဲ့ Oiler က မသိလို့သော်၎င်း၊ သိလျှက်နဲ့ အရေးတယုမရှိပဲ ပေါ့ပေါ့ဆဆ သဘောထားမယ်ဆိုရင် Departure မှာ ပြဿ    နာတက်နိုင်ပါတယ်… ဘာကြောင့်လဲဆိုတော့ Arrival မှာ Jammed in close position အနေအထားရှိနေတဲ့ Starting Air Valve ဟာ Departure မှာ Jammed in open position ဖြစ်သွားနိုင်ပါတယ်… အဲဒီအခြေအနေကို မသိရှိပဲ သဘောင်္ကဆက်မောင်းနေတယ်ဆိုရင်တော့ Starting Air Line Explosion ဖြစ်ပြီပေါ့… 

ဒါကြောင့်မို့ Duty Engineer နဲ့ Oiler တွေရဲ့ observation ကအရမ်းအရေးကြီးပါတယ်…Jammed in open position မှာ Starting Air Valve က လေပြန်အန်တဲ့ အသံအကျယ်ကြီး မကြားရနိုင်ပေမဲ့ Starting Air Line ရဲ့ အပူကို အမြဲစောင့်ကြည့်နေရင် ကြိုတင်သိရှိနိုင်တယ်။ ညှော်နံ့ရပြီး သိနိုင်တယ်။ နောက်ဆုံး ပိုက်လိုင်းတခုလုံး နီရဲနေပြီး အငွေ့တွေထွက်လာရင်တော့ စက်ကို အမြန်ဆုံးရပ်တန့်ဖို့ အကြောင်းကြားရမယ်။ ဒါမှမဟုတ် Emergency Stop Button ကို အလျှင်အမြန် နှိပ်လိုက်ဖို့ လိုအပ်ပါတယ်။ အနီးကပ်သွားကြည့်ပြီး Confirm မလုပ်သင့်ပါ။ တွေ့ကြုံရတဲ့ C/E တယောက်ပြောတာကတော့ သူကအနားသွားကြည့်ပြီး စက်ရပ်ဖို့ Main Engine Top Platform ပေါ်က ပြန်အဆင်းမှာ ပေါက်ကွဲမှု ဖြစ်တာလို့ပြောပြီး ဘာမှထိခိုက်မှုမရှိတာ ကံကောင်းတယ်လို့ ဆိုပါတယ်။

Starting Air Valve က Jammed in open position ဖြစ်ပြီး ပိုက်လိုင်းအပူချိန်မြင့်တက်နေတယ်ဆို ရင်  ပေါက်ကွဲမှုဆက်မဖြစ်အောင် Conventional Engine ဆိုရင် စက်ကို အလျှင်အမြန်ရပ်ရမယ်။ Electronically Controlled Engine ဆိုရင်တော့ အချိန်မီသေးတယ်ဆိုပါက Engine ကို Slow Down လုပ်ပြီး ၎င်း unit ကို individually fuel cut out လုပ်ပေးလို့ရပါတယ်။ အကောင်းဆုံးကတော့ Bridge ကို အကြောင်းကြားပြီး စက်ကို အမြန်ဆုံးရပ်လိုက်တာပါပဲ။

ကျွန်တော်ကတော့ Starting Air Valve ပိတ်ရက်အနေအထားမှာ ကပ်နေတာကို ကြိုသိခဲ့တာကြောင့် ကံကောင်းခဲ့ပါတယ်။ Arrival Maneouvring မှာ Engine Room 2nd Deck မှာရှိတဲ့ Engine Control Room ကအထွက် Engine Room 3rd Deck မှာရှိတဲ့ Main Engine Cylinder Head က Starting Air Valve က လေပြန်အန်ထွက်နေတဲ့ အသံကို ကြားမိပြီး အဲဒီ Starting Air Valve ကို ဆိပ်ကမ်းမှာ ဖြုတ်လဲနိုင်ခဲ့ပါတယ်။

စက်ခန်းထဲမှာ ကျွန်တော်တို့ရဲ့ Observation နဲ့ Maintenance ဟာ အရမ်းအရေးကြီးပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။


Starting Air Pipe After Explosion


 
Starting Air Valve After Explosion