Friday, August 22, 2014

SPARK EROSION နဲ့ SHAFT GROUNDING DEVICE အပိုင်း (၂)

SPARK EROSION ကို ရှာဖွေခြင်း

MAN B&W ရဲ့ Service Letter အရ Main Bearing တွေ အလွန်အကျွံပွန်းစားသွားတာကို အချိန်မှီမတွေ့ရှိတာကြောင့် Spark Erosion အခြေအနေတွေ ဖြစ်ပ်ါနေတယ်လို့ ဆိုပါတယ်… Main Bearing Top Clearance နဲ့ Cranksahft Deflection တွေကို တိုင်းတဲ့ အခါ ရရှိလာတဲ့ အတိုင်းအထွာကို သက်ဆိုင်ရာအင်ဂျင်ရဲ့Reference Value နဲ့ နှိုင်းယဉ်ရမဲ့အစား Instruction Manual ထဲက Maximum Value တွေနဲ့ နှိုင်းယှဉ်နေကြတာကြောင့် Main Bearing စားသွားတာကို သိရတာ အလွန်နောက်ကျသွား ပါတယ်လို့ ဆိုပါတယ်…
 
MAN B&W ရဲ့ အကြံပြုချက်ကတော့ အနည်းဆုံး တနှစ်တခါ Main Bearing Top Clearance နဲ့ Crankshaft Deflection တိုင်းထွာဖို့ပါပဲ… တိုင်းထွာပုံနဲ့ အချိန်အပိုင်းအခြားကို Instruction Manual ထဲမှာ ရှိပြီး မကြာခဏ တိုင်းထွာတာဟာလည်း အခြေအနေ စောင့်ကြည့်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်လို့ ဆိုပါတယ်…

Spark Erosion လက္ခဏာကို ရှာဖွေသိရှိနိုင်ဖို့ MAN B&W Service Letter က ဓါတ်ပုံလေးတွေနဲ့ ဖေါ်ပြထားပါတယ်…

Journals တွေ၊ Main Bearing တွေ၊ Thrust Collar တွေမှာတွေ့ရမဲ့ သိသာမြင်သာတဲ့ ပုံတွေဖြစ်ပါတယ်…


ကိုးကား (Reference) ။   ။ DNV Casualty Information No. 2-11, April 2011 
                                    MAN B&W Service Letter SL08-498/ABB

SPARK EROSION နဲ့ SHAFT GROUNDING DEVICE အပိုင်း (၁)

သဘောင်္တစီးကို တက်ရတဲ့အခါ Propeller Shaft Earthing Device ရဲ့ reading ဟာ 50 mV ထက်များနေတာ တွေ့ပါတယ်… Daily Log ကိုပြန်ရှာကြည့်တော့လဲ အဲလိုများနေတာ ၃-၄ လ လောက် ကြာနေပြီဆိုတာ တွေ့ရပါတယ်… 

Earthing Device ရဲ့ Reading ဟာ 0~50 mV ကြားထဲမှာပဲ ရှိရမှာကို မသိတဲ့အခါ အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ အခါ… နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿ      နာ ဘယ်လောက်ကြီးတယ်ဆိုတာ သိစေချင်လို့ ဒီစာလေးရေးမိတာပါ…

စနစ်တခု ဘာကြောင့်တတ်ဆင်ထားတာလဲ… ဘာကို စောင့်ကြည့်နေတာလဲ… သူ့ရဲ့ သတ်မှတ်ချက်က ဘာလဲ… အဲဒီ သတ်မှတ်ချက် ကျော်သွားတယ်ဆိုရင်… ဘာတွေလုပ်ရမလဲ… နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာတွေ သိရှိထား သင့်ပါတယ်… ဒါတွေကို သိရှိမှသာလျှင် အချိန်မလွန်ခင် အရေးယူဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်… 

Spark Erosion နဲ့ ပတ်သက်လို့ DNV Casualty Information No. 2-11 April 2011 ကို ပြောပြချင်ပါတယ်…

DNV ရဲ့ Information က ဒီလိုပါ…

ဖစ်စဉ်

Oil Tanker တစ်စီး (Size: 70,000 dwt, Year Built: 2004) မြေထဲပင်လယ်ထဲမှာ မောင်းနေတုန်း Main Engine က Crankshaft Bearing တခုရဲ့ အပူချိန်ဟာ ပုံမှန်မဟုတ်ပဲ မြင့်တက်နေတာကို စက်ဆရာတွေက သတိထားမိပါတယ်…  ပြီးတော့ ရုတ်တရက် Lub Oil Pressure ထိုးကျသွားပါတယ်… Oil  Mist တက်လာလို့ ချက်ခြင်း စက်ရပ်လိုက်ရပါတယ်… သဘောင်္ဟာ နာရီ အတော်ကြာ မျောနေ ခဲ့တယ်… နောက်ဆုံးမှာတော့ သဘောင်္ပေါ်က ကုန်တွေချလိုက်နိုင်ပြီး Dock တင်လိုက်ရပါတယ်…

ပျက်စီးမှုပမာဏ

Main Bearing တခုဟာ Overheat ကြောင့် Severely Damage ဖြစ်သွားတယ်…. ဘာကြောင့် Overheat ဖြစ်ရသလဲဆိုရင် Bearing ဟာ Spark Erosion ကြောင့် Excessive Wear ဖြစ်သွားလို့ပါပဲ… အဲဒီ Bearing ကိုလဲဖို့ Docking မှာ ၃လခန့် ကြာပါတယ်ခင်ဗျာ… 

Bearing ဟာ အပူချိန်ကြောင့် Bedframe မှာ သေသေချာချာကြီးကို Seize ဖြစ်သွားပြီး လွယ်ကူစွာဖြုတ်ထုတ်လို့ မရတော့ပါ… အဲဒါကို စက်နဲ့စား ထုတ်ပစ်ရပါတယ်… Bedframe နဲ့ Crankshaft Journal ကို စက်နဲ့စား Polish လုပ်ရပါတယ်… ဘာကြောင့် ဒီလိုတွေဖြစ်သွားတာလဲဆိုရင် Spark Erosion ကြောင့်ပါပဲ…

Spark Erosion ဆိုတာဘာလဲ

လျှပ်စစ်ဓါတ်ရှိနေတဲ့ မတူတဲ့ metal နှစ်ခုထိတဲ့အခါ မီးပွားထွက်လာတာတွေ့ဖူးကြမှာပါ… အဲဒီမီးပွားလေးတွေက Metal တွေကို စားသွားပါတယ်… အဲဒါ Spark Erosion ပါ…

Spark Erosion ဘယ်လို ဖြစ်သလဲ 

သဘောင်္ကိုယ်ထည်ဟာ Sea Water ထဲနစ်နေတဲ့အခါ ဓါတ်ပြုမှုတွေကြောင့် သေးငယ်တဲ့ လျှပ်စစ်ဓါတ်ကို ဖြစ်ပေါ်စေပြီး Corrosion တွေ ဖြစ်စေပါတယ်… အဓိက ဖြစ်တဲ့နေရာကတော့ ရေဝဲဂယက်တွေများပြီး မတူတဲ့ သတ္တုတွေရှိတဲ့ Stern Area ပါပဲ…
သဘောင်္တွေမှာ Hull Coating နဲ့ Cathodic Protection System ကိုပေါင်းစပ်သုံးကြပြီး Corrosion ကို ကာကွယ်ထား ကြပါတယ်…

Corrosion တွေ နဲသွားအောင် ICCP (Impressed Current Cathodic Protection System) မှ External Anode တွေကနေ Opposing Current တွေထုတ်ပေးပါတယ်… အဲဒီ ကာကွယ်မှုအကျိုးကို Propeller ကနေရရှိဖို့ စဉ်ဆက်မပြတ် လျှပ်စီးပတ်လမ်း (Continuous Electrical Circuit) တခု Propeller နဲ့ Ship Structure ကြားမှာရှိရပါမယ်…

သဘောင်္ရပ်နေတဲ့ အချိန်မှာ Propeller Shaft နဲ့ Stern Tube Liners အကြား၊ Main Bearing နဲ့ Journal အကြား Metal to Metal ထိတွေ့မှုကြောင့် လျှပ်စီးပတ်လမ်းတခု ဖြစ်ပေါ်နေပါတယ်...

ဒါပေမဲ့ ပန်ကာလည်တဲ့အခါ… Bearings များရှိ Lube Oil အလွှာပါးလေးက Hull နဲ့ ထိတွေ့မှုကို တားဆီးလိုက်ပါတယ်… ပန်ကာရဲ့ ကြီးမားတဲ့ အရွယ်အစားကလဲ Cathodic Current ကို ပိုမိုဆွဲဆောင်ပြီး Lube Oil film ကိုဖြတ်ကာ လျှပ်စီးကို ခုန်ကူးစေနိုင်ပါတယ်… ဆီထဲမှာ ရေပါနေရင် ပိုဆိုးပြီပေါ့ခင်ဗျာ… အဲဒီကမှ Spark Erosion တွေဖြစ်ပြီး Pitting နဲ့ Striping တွေ Bearing တွေမှာ ဖြစ်မယ်... Excessive wear တွေဖြစ်ပြီပေါ့ ခင်ဗျာ…

Spark Erosion ကို ဘယ်လို ကာကွယ်မလဲ 
အကောင်းဆုံးကာကွယ်တဲ့နည်းကတော့ Shaft Earthing Device ကို တပ်ဆင်ထားခြင်းဖြစ်ပါတယ်… Propeller နဲ့ Ship Hull အကြား Proper Electrical Contact ရအောင် Shaft Earting Device တပ်ဆင်ထားတာခြင်းအားဖြင့် လျှပ်စီးကို ကောင်းစွာ စီးဆင်းစေပြီး Main Bearing၊ Thrust Bearing တို့မှဖြတ်စီးမဲ့ လျှပ်စစ်ရဲ့ စွမ်းရည်နည်းသွားအောင်လုပ်ပြီး ကာကွယ်တဲ့ စနစ်ဖြစ်ပါတယ်….

 
အကောင်းဆုံးကတော့ Shaft Earthing Device နှစ်ခုတပ်ထားတာပါ… တခုကတော့ Grounding အတွက်ဖြစ်ပြီး တခုကတော့ Monitoring အတွက်ဖြစ်ပါတယ်… 


၎င်းတို့ကို ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းတွေ ပြုလုပ်ရပါမယ်… Slip ring တွေ သန့်ရှင်းရေး၊ Silver Graphite Brush များ၊ Brush Holder များကို စစ်ဆေးသန့်ရှင်းရေး၊ Brush များရဲ့ ပွန်းစားမှုကိုကြည့်ပြီး Spring Adjustment ပြုလုပ်ခြင်း၊ အသစ်လဲလှယ်ခြင်း များကို လုပ်ဆောင်ရ ပါမယ်… 


Millivoltmeter reading သည် သဘောင်္ရပ်နေလျှင် 0 (Zero) ဖြစ်နေပြီး မောင်းနှင်နေချိန်တွင် 0~50 mV အကြားရှိရပါမယ်… 50 mV အောက်မှာဆိုရင်  Spark Erosion ရဲ့ Effect က နည်းပါးပါတယ်…

Shaft Grounding Device ကတော့ ရှင်းလင်းလွယ်ကူတဲ့ ကရိယာဖြစ်ပါတယ်… ဒါကို ပုံမှန် မပြုပြင် မထိန်းသိမ်းပဲ လွှတ်ထားမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်နမူနာ တခုကတော့ အပေါ်က DNV Casualty Information အတိုင်းပါပဲ… Main Bearing တခုလဲဖို့ သုံးလတိုင်အောင် သဘောင်္ကျင်းမှာ Off Hire ဖြစ်သွားရပါတယ် ခင်ဗျာ…

အဓိကကတော့ Shaft Grounding Device ရဲ့ Daily Reading မှာ 50 mV အထက်ရောက်နေပြီဆိုရင် Spark Erosion ဖြစ်တတ်တယ်၊ Earthing Device ကို ပြုပြင်ထိန်းသိမ်းဖို့လိုနေပြီဆိုတဲ့ အသိလေးတခု ရှိနေဖို့ပါပဲ…