Monday, November 3, 2014

V Ring Seal နဲ့ U Seal (Oil Seal) တွေကို တပ်ဆင်ပုံ



Teflon V-ring Seal တွေကို Temperature Controller တွေမှာ တွေ့ရတတ်ပါတယ်… အဲလိုပဲ Hydraulic Ram တွေမှာလဲ V-ring seal တွေကို တွေ့ရတတ်ပါတယ်…

V-ring Seal တွေနဲ့ U seal (Oil seal) တွေကို တပ်ဆင်တဲ့အခါမှာ Vertical ဆိုရင် seal က V or U ရဲ့ Opening ကို အပေါ်မှာ ထားမလား။ ဒါမှမဟုတ် အောက်မှာထားမလားဆိုတာ စဉ်းစားပြီး တပ်ဆင်ရမှာ ဖြစ်ပါတယ်… အဲဒီလိုပဲ Horizontal ဆိုရင် ဒီလို “< ” တပ်ဆင်မှာလား ဒါမှမဟုတ် ဒီလို “>”  တပ်မှာလား ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်… အရင် တပ်ထားတဲ့ ပုံစံကို မှတ်ပြီးတော့ တပ်မယ်ဆိုရင်လဲ ရပါတယ်… ဒါပေမဲ့ အရင်က တပ်တဲ့လူက ပြောင်းပြန်တပ်ထားတယ်ဆိုရင် ကိုယ်လဲ ပြောင်းပြန် တပ်မိမှာ ပေါ့ဗျာ....
  
တခါတုန်းက Hydraulic Cylinder ရဲ့ V-ring Seal တွေ အသစ်လဲတုန်းက ပြောင်းပြန်တပ်မိလို့ လဲပြီး မကြာခင် ဆီတွေပြန်ယိုလာပြီး ၂ ခါပြန်လုပ်ရတဲ့ အတွေ့အကြုံလေးကြောင့် ဒီစာလေးကိုရေးမိတာပါ… 



အဲဒီတော့ တပ်မယ်ဆိုရင် Pressure လာမဲ့ဘက်ကို  V or U ရဲ့ Opening ကို ထားပြီး ပုံမှာပြထားတဲ့အတိုင်း တပ်ရမှာပါ… ဒါမှသာ Pressure ရဲ့ အားက Seal ပေါ် သက်ရောက်ကာ sealing effect ကို ပိုကောင်းစေမှာ ဖြစ်ပါတယ်… ပြောင်းပြန်တပ်မိရင်တော့ Pressure ရဲ့ အားက seal ကို အလွယ်တကူ ဖောက်ထွက်သွားမှာဖြစ်ပါတယ်…

V-ring တွေ U Seal (Oil Seal) တွေတပ်ဆင်ရင် ဘယ်ဘက်က Pressure လာမှာလဲဆိုတာကို စဉ်းစားပြီးမှ တပ်ဆင်ရင်ဖြင့် ဘယ်တော့မှ မမှားနိုင်တဲ့ အကြောင်း တင်ပြလိုက်ရပါတယ်…