Friday, May 31, 2013

ကြားနေရသော စက်ပိုင်းဆိုင်ရာ ပြဿ နာများ(၂)



HFO ထဲမှာ ပါဝင်နေသော Cat Fines

တနေ့က ကျွန်တော်တို့ ကုမ္ပဏီမှာ ပြုလုပ်တဲ့ Workshop တခုမှာ သဘောင်္တစီး HFO ထဲက ပါလာတဲ့ Cat Fines တွေကြောင့် Main Engine’s Cylinder Liners ၂ လုံးနဲ့ Piston Rings တွေ အသစ်လဲရတယ်ဆိုတဲ့ သတင်းလေးကြောင့် ဒီစာလေး ရေးဖြစ်ပါတယ်… 

Cat Fines (Catalytic Fines) ဆိုတာ ဘာလဲ


Cat Fines ဆိုတာ Aluminium နဲ့ Silicon Compound တခုပါ… ရေနံချက်လုပ်တဲ့ နည်းစဉ်တခုဖြစ်တဲ့ Catalytic Cracking Process မှာ ၎င်းကိုအသုံးပြုပါတယ်… ၎င်းသည် ဈေးကြီးသောကြောင့်ပြန်လည်စုယူ အသုံးပြုသော်လည်း ပမာဏအနည်းငယ်ကတော့ Residual Fuel ထဲမှာ ပါသွားပါတယ်…

Cat Fines တွေက ဘာတွေဖြစ်စေသလဲ

ဆီထဲမှာ ပါဝင်တဲ့ Cat Fines တွေရဲ့ အရွယ်ဟာ 1 µm (micron) ကနေ 75 µm ထိရှိနိုင်ပါတယ်… 1 µm = 0.001 mm ပါ… ၎င်းတို့သည် အင်ဂျင် အစိတ်အပိုင်းတွေထဲ ရောက်ရှိပြီး ပွန်းစားပျက်စီးစေပါတယ်… အဓိက ကတော့ Cylinder Liners နဲ့ Piston Rings တွေကို ပျက်စီးစေပါတယ်… Fuel Pumps နဲ့ Injectors တွေကိုလဲ ထိခိုက်စေပါတယ်… သိပ်ဆိုးလွန်းရင်တော့ Piston Rods နဲ့ Stuffing Boxes တွေပါ ပျက်စီးစေပါတယ်….

အင်ဂျင်အားလုံးမှာ အန္တရာယ်ရှိသလား

Cat Fines ကြောင့် ပျက်စီးမှုဟာ Large Slow Speed Engine တွေမှာ အဓိကဖြစ်ပွားပါတယ်… ကြီးမားတဲ့ Fuel Injection Components တွေဟာ အရွယ်အတန်အရာကြီးသော Cat Fines Particles တွေကို ဆလင်ဒါထဲ ရောက်ရှိစေပါတယ်… Cylinder Liner မျက်နှာပြင်ကို နည်းနည်းပဲပေးထားတဲ့ Cylinder Oil တွေကလဲ Cat Fines တွေကို မဖယ်ရှားနိုင်လို့ Large Slow Speed Engine တွေမှာ ပိုဖြစ်ရတာပါ…

Medium နဲ့ High Speed Engines တွေရဲ့ Cylinder Liners Splash Lubrication စနစ်ကြောင့် Cat Fines Particles တွေကို ဖယ်ရှားနိုင်သလို Tolerance နဲနဲပဲရှိတဲ့ အစိတ်အပိုင်းတွေကလဲ ကြီးမားတဲ့ Particles တွေဝင်ရောက်မှုကို တားဆီးပေးတာကြောင့် ၎င်းအင်ဂျင်များတွင် Cat Fines ကြောင့် ပျက်စီးမှု နဲပါးပါတယ်…

HFO ထဲမှာ Cat Fines ပါဝင်မှု ကန့်သတ်ချက်

၁၉၈၂ ခုမှာ ISO (International Organisation for Standardization) က Marine Bunker ရဲ့ Fuel Specification ကိုထုတ်ပြန်ပါတယ်… အဲဒီအချိန်က Cat Fines ရဲ့ Limit ကိုထည့်သွင်းထားခြင်းမရှိပဲ ၁၉၉၆ ခု Second Edition ကျမှ Maximum Limit ကို 80mg/kg သတ်မှတ်ခဲ့ပါတယ်… ၂၀၁၀ ခု Fourth Edition မှာတော့ Maximum Limit ကို 60mg/kg (60 ppm) ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်…

Fuel Quality Testing လုပ်တဲ့ Company တချို့ကတော့ ISO8217:2005 ကိုပဲ ဒီနှစ် (၂၀၁၃) နှစ်ဆန်းပိုင်းအထိ အသုံးပြုနေတာတွေ့ရပြီး Cat Fines (Aluminium + Silicon) Value ကို 80 ppm နဲ့ပဲ နှိုင်းယှဉ်နေခဲ့တာတွေ့ရပါတယ်… အမှန်ကတော့ ISO 8217:2010 အရ ၂၀၁၀ ခုနှစ်က စပြီး Max Cat Fines (Aluminium + Silicon) Values ကို 60 mg/kg နဲ့ နှိုင်းယှဉ်ပြီး ON SPEC လား OFF SPEC FUEL လား ဆိုတာကို ပြောရမှာပါ…အခုလက်ရှိ ISO 8217:2012 ထွက်နေပါပြီ....

သဘောင်္ပိုင်ရှင်အများစုကလည်း အရင်စံညွှန်းဖြစ်တဲ့ 80ppm Cat Fines ဆီတွေကိုပဲ ဝယ်ယူနေခဲ့ပါတယ်…

Engine Maker တွေကတော့ ဆီထဲမှာ Cat Fines အများဆုံးပါဝင်မှုကို 15ppm သတ်မှတ်ထားပါတယ်… Cat Fines ရဲ့ Limit ကို နှိမ့်ချသတ်မှတ်လို့ရပေမဲ့ ဆီရဲ့တန်ဖိုးများလာမှာရယ်… သဘောင်္မှာ တပ်ဆင်ထားတဲ့ Fuel Treatment System တွေက Cat Fines ကို 15ppm အောက်ရောက်အောင် ချပေးနိုင်တဲ့ အရည်အချင်းရှိတာရယ်ကြောင့် 60ppm ပဲ သတ်မှတ်ထားတာပါ…

ပြ     နာဘာကြောင့်ဖြစ်ရတာလဲ

၁။ Purifier များရဲ့ အရည်အသွေး ကျဆင်းနေခြင်း
၂။ လက်ရှိ Bunker Fuel များရဲ့ အရည်အသွေးနှင့် ပတ်သက်ပြီး ဗဟုသုတ နည်းပါးခြင်း
၃။ ကောင်းမွန်သောပြုပြင် ထိန်းသိမ်းမှု မရှိခြင်း (ဥပမာ Fuel Tank များ ပုံမှန်သန့်ရှင်းရေး ပြုလုပ်ခြင်း)
၎။ သဘောင်္တည်ဆောက်ထဲက Purifier အရေအတွက် နဲပါးနေခြင်း အရွယ်သေးငယ်ခြင်း၊

Cat Fines များနေရင် ဘာလုပ်မလဲ

Cat Fines ပဿ  နာဟာ ၁၉၈၀ နှစ်များလောက်ထဲက စတင်လာတာဖြစ်ပြီး အခုအခါ ပိုမိုများပြားလာတာတွေ့ရပါတယ်... ကိုယ့်ကုမ္ပဏီက FQT (Fuel Quality Testing) Program ရှိရင်တော့ ဆီထဲမှာ Cat Fines (Aluminium + Silicon) ပါဝင်မှုများတာ ကြိုတင်သိနိုင်ပါတယ်… ကြိုသိနိုင်ပေမဲ့လည်း ပေါ့ပေါ့ဆဆပဲ ရပါတယ်ကွာလို့ သဘောထားရင်တော့ ပြဿနာဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီက သဘောင်္မှာ ဖြစ်တာကတော့ ဆီက ISO 8712:2005 Fuel Specification ကို ကိုက်ညီပါတယ်… သို့သော် Cat Finesပါဝင်မှု 60 ppm လောက်ရှိနေတယ်… Test Report ကတော့ ရှောင်ရန် ဆောင်ရန်တွေ ရေးထားတယ်။ Fuel System Quality Check ထပ်လုပ်သင့်တဲ့ အကြောင်း ရေးထားပါတယ်… Purifier အဝင်အထွက်က ဆီကို Lab Test ထပ်လုပ်ဖို့ပါ။

Lab Test ကတော့ ထပ်မလုပ်မိဘူးဆိုတာ သိရတယ်… ကျန်တဲ့ အကြံပေးချက်တွေ လိုက်နာမှု ရှိ၊ မရှိတော့ မသိရပါဘူး… ဒီတော့ ဘာတွေလုပ်သင့်သလဲ ဆိုတာ စဉ်းစားကြည့်မိတယ်….

၁။ FQT Program မရှိရင် Bunker Fuel တိုင်းကို Cat Fines များတဲ့ ဆီတွေလို သဘောထားပြီး Treatment လုပ်သင့်တယ်။
၂။ Puirifier တွေကို (အနည်းဆုံး ၂ လုံးကို) Parallel မောင်းပြီး Minimum Throughput နဲ့ Temperature 98’C မှာ ထားမောင်းရပါမယ်။
၃။ Fuel Tank တွေကို Drain ပိုလုပ်ရမယ်။
၎။ Fuel Line မှာရှိတဲ့ Auto Backwash Filter နဲ့ Safety Filter တွေကို Bypass လုပ်ပြီး မမောင်းသင့်ပါ။ ဆိပ်ကမ်း ရောက်တာနဲ့ Fuel Filter တွေကို Cleaning လုပ်သင့်ပါတယ်။
၅။ FQT Program ရှိရင် Cat Fines များနေတဲ့ Fuel စသုံးတာနဲ့ Engine Inlet နဲ့ Purifier Outlet ကနေ Fuel Sample ယူပြီး Lab Test လုပ်သင့်ပါတယ်။
၆။ Cat Fines Analysis Equipment (Fuel Analyzer) ကို သဘောင်္မှာ တပ်ဆင်သင့်ပါတယ်။ (ကုမ္ပဏီကြီးတွေမှာ တပ်ဆင်နေပါပြီ)


   
FUEL ANALYZER ဆိုတာဘာလဲ


အင်ဂျင်သည် Cat Fines ကြောင့် ပျက်စီးခြင်း မဖြစ်အောင် သဘောင်္ရှိ Fuel Treatment System တွေ ကောင်းမွန်ရပါမယ်… အရင်ကတော့ Cat Fines ကိုတိုင်းတာတဲ့ Tool တွေ ဈေးကွက်ထဲမှာ မရှိပေမဲ့ Chris-Marine က ၂၀၁၂ ခုမှာ Fuel Analyzer ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်…. အဲဒီ Fuel Analyzer ဟာ Fuel Treatment System မှာရှိတဲ့ Cat Fines Level ကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပြီး Result ကို သဘောင်္ပေါ်သာမက ရုံးမှာရှိတဲ့ Superintendent ကပါ ကြည့်နိုင်မဲ့ စနစ်တခုဖြစ်ပါတယ်….

Fuel Analyzer ဟာ Cat Fines Level ကို မတူတဲ့ Sample Points တွေကနေ အဆက်မပြတ်တိုင်းတာနေမယ်… အင်ဂျင်အဝင်မှာ ကြိုတင်သတ်မှတ်ထားတဲ့ Alarm Level ကို ရောက်ပြီဆိုရင် အရေးပေါ်ဆောင်ရွက်ချက်တွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်… (ဥပမာ၊ ပိုပြီးသန့်တဲ့ Fuel Day Tank ကို ပြောင်းသုံးခြင်း)

ဘာကြောင့် ဒီလို Levelမြင့်တက်လာသလဲဆိုတာကိုလဲ ဆန်းစစ်နိုင်ပြီး ဒီလိုထပ်မဖြစ်အောင် ကာကွယ်မှုတွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်…

Settling Tank က ဖြစ်တာလား၊ Service Tank က ဖြစ်တာလား၊ Purifier ကဖြစ်တာလား ဆိုတာ မတူတဲ့ Sample Point များမှ သိနိုင်မယ်… 

Cat Fines တွေဟာ ဆီထက်လေးတော့ Tank အောက်ခြေမှာ အနည်ထိုင်နေပါတယ်… Rough Sea မှာဆိုရင် အဲဒီ Cat Fines တွေဟာ မွှေလိုက်သလိုဖြစ်ပြီး ရုတ်တရက် ပါဝင်မှု မြင့်တက်လာနိုင်ပါတယ်… အဲဒီလိုတက်လာပြီဆိုရင် Tank ကို Cleaning လုပ်ခြင်းဖြင့် ဆက်မဖြစ်အောင် ရှောင်လွှဲနိုင်ပါတယ်…

အကယ်၍ Purifier ရဲ့ စွမ်းဆောင်ရည်ကျပြီး Cat Fine Level တက်လာရင်လဲ နောက် Purifier တလုံးကိုမောင်းပြီး မကောင်းတဲ့ Purifier ကို သန့်ရှင်းခြင်း ပြင်ဆင်ခြင်းပြုလုပ်နိုင်ပါတယ်…..

အဲဒီလိုကြိုတင်သိနိုင် ပြင်ဆင်နိုင်တာကြောင့် အင်ဂျင်ကို ဆီသန့်တွေရောက်ပြီး ပျက်စီးမှုနည်းပါးစေပါတယ်….

၎င်းကရိယာသည် NMR (Nuclear Magnetic Resonance) Technology ကိုအသုံးပြုပြီး ဆီထဲက Aluminum ပါဝင်မှုကို တိကျစွာတိုင်းတာနိုင်ပါတယ်… ၎င်းမှာ Automatic Points ၇ခု နဲ့ off-line Point 1ခု သုံးနိုင်တယ်… Off-Line Point ကို Manual Samples တွေ (Bunkering Sample / Smaples from Settling Tank & Service Tank) တိုင်းတဲ့နေရာမှာ အသုံးပြုပါတယ်…