Thursday, May 23, 2013

Oil Record Book နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာလေးတွေ… အပိုင်း (၄)



Oil Record Book နဲ့ပတ်သက်ပြီး ပြောစရာ သိပ်မရှိတော့ပါဘူး… စာကြောင်းတွေချန်ပြီး… ကျော်ပြီး မရေးရပါဘူး… ချန်ပြီး ကျော်ပြီး ရေးမယ်ဆိုရင် အဲဒီ နေရာကိုတကြောင်းမျဉ်းတားလို့ ဖျက်ရပါမယ်။ 

မှားရင် Correction Fluid သုံးတာမျိုး၊ Overwrite (အပေါ်ကထပ်ရေးပြီး အမှားပြင်တာမျိုး) လုပ်တာမျိုး၊ အမှားကို ဖတ်မရအောင် ဖျက်တာမျိုး မလုပ်ရပါဘူး။ မှားလို့ဖျက်မယ်ဆိုရင် တကြောင်းမျဉ်းနဲ့ ဖျက်ပြီး Initial Sign လေးထိုးပေးရပါမယ်… ဒါကတော့ all official log book တွေအတွက်ပါ အကျုံးဝင်ပါတယ်။

Bunker နဲ့ပတ်သက်ပြီး ရေးမယ်ဆိုရင် Grade မတူတာတွေကို ပေါင်းပြီးမရေးရပါဘူး… တခုစီ ခွဲရေးရပါမယ်… Lubricating Oil အတွက် ရေးမယ်ဆိုရင် ရရှိတဲ့ပမာဏနဲ့ စုစုပေါင်းကို လီတာ (liter) နဲ့ မရေးရပါဘူး… တန် (tons) နဲ့ရေးရပါမယ်။

ဒီအပိုင်းလေးကတော့ ဒီလောက်ပဲနော်….

No comments:

Post a Comment

Note: Only a member of this blog may post a comment.