Friday, May 31, 2013

ကြားနေရသော စက်ပိုင်းဆိုင်ရာ ပြဿ နာများ….(၁)



L.O System ထဲက Cotton Rags 

မနေ့က သူငယ်ချင်းတယောက်နဲ့ တွေ့တော့ စကားပြောရင်းကနေ… သဘောင်္တစ်စီးက Generator Engine တလုံးရဲ့ ပျက်စီးမှုကို သိလိုက်ရပါတယ်….

Lubricating Oil Filter Cleaning လုပ်ရာကနေ L.O system ထဲကို အဝတ်စုတ် (cotton rags) ဝင်ပြီး ဆီလိုင်းပိတ်ဆို့မှုဖြစ်ပြီး Unit တစ်လုံး ပျက်စီးကာ နောက်ဆုံးအခြေအနေက Crankshaft ပါလဲရတော့မယ်လို့ ဆိုပါတယ်။

သူငယ်ချင်းက ဒါမဖြစ်သင့်ဘူးလို့ မှတ်ချက်ချပါတယ်…

တကယ်တော့ ဒီပြဿ   နာမျိုးကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက ကျွန်တော်တို့ ကုမ္ပဏီက သဘောင်္ ၂ စီးမှာဖြစ်ခဲ့ပြီးပါပြီ… Human Error ကြောင့်ဖြစ်ရတဲ့ပြဿ    နာတွေ ထဲက တခုလို့ပဲဆိုပါရစေ… ဒါမျိုးဖြစ်တတ်တယ်… လွယ်ကူတဲ့ လုပ်ငန်းတွေမှာလဲ သတိမထား ရင် ဒီလို Big Problem တွေလဲ ကြုံတွေ့ရနိုင်တာကို သိစေချင်လို့ ရေးလိုက်တာပါ….

ဒီတော့ Generator Engine တွေ L.O Filter အသစ်လဲရင်… Cleaning လုပ်ရင် Cotton Rags များကို စနစ်တကျ အသုံးပြုကြပါ… ဒါမှမဟုတ် ရေတွက်မှတ်သားပြီး အသုံးပြုကြပါလို့ပြောပါရစေ…. ဒီအဖြစ်လေးကို သင်ခန်းစာယူပြီး ရှောင်ရှားနိုင်ဖို့ပါ… အောက်က ဓါတ်ပုံလေးတွေကြည့်ပါ ခင်ဗျာ….

Rags in the L.O Passage

Damaged Crank Pin Bearing Shell

Damaged Crank Pin

No comments:

Post a Comment

Note: Only a member of this blog may post a comment.