Thursday, June 11, 2015

SCAVENGE FIRE


Starting Air Line Explosion အကြောင်းပြီးတော့ Scavenge Fire အကြောင်းရေးချင်လာပါတယ်။ အဓိကရေးချင်တာက Scavenge Fire ဘာကြောင့်ဖြစ်တယ်၊ ဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာထက် Scavenge Fire မဖြစ်ခင် ကြိုတင်သိနိုင်တဲ့ အကောင်းဆုံး Observation နည်းလမ်းလေးကို ပြောချင်တာပါ။ လူတိုင်းလဲသိ လွယ်ကူတဲ့ နည်းလမ်းဖြစ်နေတော့ အရေးတယူ မလုပ်မိမှာစိုးလို့ တလတခါ လုပ်သင့်ပါတယ် ဆိုတဲ့အကြောင်း တင်ပြချင်တာပါ။
Scavenge Fire ကတော့ အားလုံးသိတဲ့အတိုင်း Cylinder Liner နဲ့ Piston တွေ အလွန်အကျွံ ပွန်းစားမှုရဲ့ အကျိုးဆက်ကြောင့်သော်၎င်း၊ Cylinder Lubrication များနေလို့သော်၎င်း၊  Scavenge Space မှာ Oil & Sludge တွေဟာ စုဝေးမိနေပါတယ်။ တကယ်လို့များ ပစ်စတင်ဟာ Blow Past ဖြစ်နေခဲ့ရင် Combustion Space က မီးပွားများဟာ Scavenge Space ကိုရောက်လာပြီး ခုနင်က စုဝေးမိနေတဲ့ Oil & Sludge တွေ မီးလောင်ကာ Scavenge Fire ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ Incorrect Atomisation of Fuel ကြောင့်သော်၎င်း၊ Scavenge Drain Line တွေ ပိတ်ဆို့နေခဲ့ရင်သော်၎င်း၊ Scavenge Space မှာ Oil & Sludge တွေ စုဝေးမိနေစေပြီး Scavenge Fire ဖြစ်ပွားနိုင်ပါတယ်။

Scavenge Fire ဖြစ်ရင် ၎င်း unit ရဲ့ Exhaust Gas Outlet Temperature နဲ့ Scavenge Space Temperature တက်ပြီး High Temperature Alarm တွေလာမယ်။ Turbocharger Surging ဖြစ်မယ်။ Black smoke တွေ ထွက်မယ်။ Engine Slow Down ဖြစ်သွားမယ်။

Scavenge Fire ဖြစ်ပြီဆိုရင် အားလုံးသိတဲ့အတိုင်း Engine ကို Auto Slow Down မဖြစ်ပါက Slow Down လုပ်မယ်။ ၎င်း Unit ကို Increase Cylinder Lubrication လုပ်မယ်။ Electronically Controlled  Engine၊ ဒါမှမဟုတ် အင်ဂျင်မရပ်ပဲ Fuel Pump Roller Guide ကို Lift လုပ်နိုင်တဲ့ Pneumatic Cylinder ပါတဲ့ Conventional Engine ဆိုရင်၊ ၎င်း Unit ကို Fuel Cut Out လုပ်ရပါမယ်။ အဲလိုလုပ်ရင်း မီးငြိမ်းသွား မသွားကြည့်မယ်။ မီးလောင်နေတာမရပ်ရင်တော့ Bridge ကို အကြောင်းကြားပြီး အင်ဂျင်ကို ရပ်မယ်။ ရပ်ပြီးတာနဲ့ Auxiliary Blowers တွေကို Switch Off လုပ်မယ်။ Turbocharger Air Filter တွေကို Seal လုပ်မယ်။ (လေအသစ်မဝင်နိုင်အောင်)။ Turning Gear Engage လုပ်ပြီး Engine ကို လှည့်မယ်။ Cylinder Lubrication ဆက်ပေးမယ်။ Scavenge Air Box ကို မီးငြိမ်းသတ်တဲ့စနစ်နဲ့ မီးသတ်မယ်။

Scavenge Air Box က Cool Down ဖြစ်သွားပြီး အပူချိန် ၁၀၀ ဒီဂရီ အောက်ရောက်သွားရင်တော့ Scavenge Air Box ကိုဖွင့်ပြီး Dry Deposite နဲ့ Sludge တွေကိုဖယ်ထုတ်မယ်။ စစ်ဆေးရေးတွေလုပ်မယ်။ လိုအပ်သလို Repair and Maintenance တွေလုပ်ဆောင်မယ်။

အဲဒါတွေကတော့ စာတွေ့နဲ့ အတွေအကြုံလေးတွေကို မှီငြမ်းရေးထားတာ။

ကြုံတုန်းလေး MAN B&W Engine 8K 90 MC-C ကို ပထမဆုံးအကြိမ် Pneumatic Cylinder နဲ့ Fuel Pump Roller Guide ကို Lift လုပ် Fuel Cut Out လုပ်ပြီးနောက် Noraml Running Position ကို ပြန်ချမရပဲ ချွေးပြန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကို သတိတရ ပြောပြချင်ပါတယ်။ Instruction Manual က ပြထားတဲ့အတိုင်း လှည့်တာပါပဲ။ မရဘူးခင်ဗျ။ ဟိုဘက်လှည့်လိုက် ဒီဘက် လှည့်လိုက်နဲ့ အတော်ချွေးပြန်ခဲ့ရတယ်။

Maunal မှာရေးထားတာက ရှင်းရှင်းလေး။ Lift the knob on the dial of the 4/3 directional control valve and turn the dial to position 1. အဲလိုလုပ်ရင် air cylinder က Fuel Pump Roller Guide ကို Lift လုပ်လိုက်ပါတယ်။ Lift လုပ်ပြီးရင် 4/3 directional control valve ကို Zero Position ပြန်ထား။ ဒါကတော့ ရှင်းလဲရှင်းတယ်။ လုပ်ရတာလဲ အဆင်ပြေတယ်။ Engine မောင်းနေတုန်း လွယ်လွယ်ကူကူပဲ Lift လုပ်လိုက်နိုင်တယ်။ 

Roller Guide ကို ပြန်လဲချရော ချလို့မရတော့ဘူး။ Manual မှာရေးထားတဲ့အတိုင်း စက်ကိုရပ် Turning Gear ထည့်။ Cam Cover ကိုဖွင့် Turning Gear လှည့်။ To lower the roller guide again, lift the knob on the 4/3 directional control valve and turn the dial to position 2 လို့ Manual မှာ ရေးထားပါတယ်။ ဒါပေမဲ့ Directional Control Valve မှာ Position 2 ဆိုတာ မရှိဘူး။ လှည့်မရဘူး။ ချွေးကိုပြန်ရော။ တကယ့်ကို ဒုက္ခရောက်တာပါပဲ။ နောက်ဆုံးကျမှ Manual မှာရေးထားသလို Turn the dial မဟုတ်ပဲ Press the dial ဆိုတာ သွားတွေ့ရတယ်ခင်ဗျာ။ Dial လေးကို ဖိလိုက်တော့မှ Roller Guide လဲ မူလနေရာ ပြန်ရောက်သွားပြီး ရင်အေးသွားရပါတယ်။ Manual ထဲကနဲ့ မတူတဲ့ Directional Control Valve တပ်ထားတဲ့ပြဿ    နာလေးပါ။ ကြုံလို့ပြောတာ အတော်ရှည်သွားပြီ။

Scavenge Fire မဖြစ်အောင် တလတခါ လုပ်သင့်တဲ့ Observation ကတော့ Peep Hole Inspection သို့မဟုတ် Scavenge  Port Inspection ပါပဲ။

၎င်း Inspection ကို ပြုလုပ်ခြင်းဖြင့် Cylinder Liners တွေ၊ Pistons နဲ့ Rings တွေရဲ့ အခြေအနေကို သိရှိနိုင်ပါတယ်။ Cooling Water နဲ့ Oil တွေကို လှည့်ထားခြင်းဖြင့် Leakage ရှိမရှိကိုလည်း သိနိုင်ပါတယ်။ 

Piston ကို BDC ရောက်လုနီးအထိလှည့်ပြီး Piston, Rings နဲ့ Liner Wall တွေကို စစ်ဆေးနိုင်ပါတယ်။ ပထမဆုံး Rings တွေမှာ ရှိနေတဲ့ Cylinder Oil အခြေအနေကိုကြည့်မယ်။ (Wet or Dry or Optimum)။ ပြီးရင် Piston နဲ့ Rings တွေကို Rags နဲ့ သန့်ရှင်းလိုက်ပြီး စစ်ဆေးရပါမယ်။ 

၁။ Good Condition 

Piston Rings တွေနဲ့ Liner Wall တွေ ဝင်းပြောင်နေရင် အခြေအနေကောင်းပြီပေါ့ဗျာ။

၂။ Micro-Seizure

Piston Ring ရဲ့ Edge တွေဟာ ပွန်းစားပြီး Sharp ဖြစ်နေနိုင်ပါတယ်။ သို့သော်လည်း မညီမညာ အစွန်း (Sharp Burrs) မဖြစ်ရပါဘူး။ အဲလိုတွေတွေ့ရပြီဆိုရင်တော့ Cylinder Lubrication နည်းပြီး Micro Seizure ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ အဲလို မညီမညာ အစွန်း (Sharp Burrs) တွေကို တွေ့တာနဲ့ ၎င်း Unit ရဲ့ Cylinder Lubrication ကို တိုးပေးခြင်းဖြင့် Recover ပြန်ဖြစ်နိုင်ပါတယ်။ အဲဒါကို မသိရင်တော့ Rings တွေ Liner တွေ အလွန်အကျွံ ပွန်းစားပြီး နောက်ဆက်တွဲအကျိုးအဖြစ် Scavenge Fire ဖြစ်ခြင်း Liner/Piston Rings အသစ် လဲရခြင်းတွေ ဖြစ်စေပါတယ်။

၃။ Scratched

Piston Rings တွေပေါ်မှာ Hard Abrasive Particles တွေကြောင့် အစင်းကြောင်းတွေ တွေ့နိုင်ပါတယ်။

၎။ Sticking

Piston Rings တွေဟာ Hard and Thick Carbon Deposit တွေကြောင့် Sticking ဖြစ်ရပါတယ်။ Sticking ဖြစ်ပြီးရင် Ring တွေ ကိုးနိုင်ပါတယ်။

Ring ဟာ Groove ထဲမှာ Freely Move ဖြစ်နေသလားဆိုတာကို သိရအောင် Piston ကို Ahead/Astern အနည်းငယ် ကစားပေးခြင်းဖြင့် သိနိုင်ပါတယ်။ ဒါဆိုရင် Piston Ring Sticking ဖြစ် မဖြစ်သိပြီပေါ့။  ဒါမှမဟုတ် Wooden Stick နဲ့ Ring ကို ဖိကြည့်ခြင်းဖြင့်နိုင်ပါတယ်။ 

၅။ Braekage/Collapse

Wooden Stick နဲ့ ထိုးကြည့်လို့ Rings ရဲ့Elastic Tension မရှိတော့ရင်၊ Rings တွေ မဲနေရင် (Blackish Appearance)၊ ကျိုးနေတာ ပျောက်နေတာတွေတွေ့ရင် Ring မကောင်းတော့ဘူးဆိုတာ သိပြီပေါ့။

အဲလိုဖြစ်တာတွေ့ရင် Blow-By ဖြစ်နေပြီပေါ့။ Scavenge Fire ဖြစ်နိုင်တာပေါ့။ အဲဒီလိုအခြေအနေဆိုရင် Unit Overhauling လုပ်ပြီး Piston Ring တွေကို အသစ်လဲသင့်ပါတယ်။ 

ဒါကြောင့်မို့ Scavenge Port Inspection သို့မဟုတ် Peep Hole Inspection ကို အနည်းဆုံး တလတကြိမ် လုပ်သင့်ပါတယ် ဆိုတဲ့အကြောင်းနဲ့ အဲဒီလိုစစ်ဆေးခြင်းအားဖြင့် Scavenge Fire ဖြစ်ခြင်းကို ကာကွယ်နိုင်သလို Cylinder Lubrication လည်း Optimum ဖြစ် မဖြစ် သိရှိနိုင်ပါတယ်။

Cylinder Lubrication ကလည်း အလွန်အရေးကြီးပါတယ်။ Lack of Lubrication ရော Excessive Lubrication ရော မဖြစ်အောင် လုပ်ရမှာပါ။ 

ယခုအခါမှာ Lubricant Maker တွေက Engine ရဲ့ Scrape Down Oil (Unit တခုစီရဲ့ Scavenge Drain က Used Cylinder Oil) တွေကို Test လုပ်တဲ့ နည်းစနစ်နဲ့ ကရိယာတွေကို တီထွင်လိုက်ပါပြီ။ ExxonMobil ကထုတ်လုပ်တဲ့ MobilGard Monitor (Iron Content Tester) နဲ့ စမ်းခြင်းဖြင့် Scrape Down Oil ထဲမှာ Iron ပါဝင်မှုနှုန်းကို သိရပါတယ်။ ပြီးတော့ DG Cell (TBN Tester) နဲ့ TBN ကိုလဲ Test လုပ်ရပါတယ်။ Iron Content (0-200) နဲ့ TBN Value (15-35) ဆိုရင် Safe Condition ဖြစ်ပါတယ်။ Iron Content (200-250) နဲ့ TBN Value (10-15) အတွင်းဆိုရင် Alert Condition ဖြစ်ပြီး Iron (>250) နဲ့ TBN Value (0-10) ဆိုရင် Danger Condition ဖြစ်ပါတယ်။ ထွက်လာတဲ့ အဖြေ Iron Content နဲ့ TBN Value ပေါ်မှာ မူတည်ပြီး Cylinder Lubrication Feed Rate ကို Adjust လုပ်ရမှာ ဖြစ်ပါတယ်။

Reference: MAN B&W / ExxonMobil

No comments:

Post a Comment

Note: Only a member of this blog may post a comment.