Sunday, June 7, 2015

Starting Air Line Explosion



ဒီအကြောင်းလေးရေးချင်နေတာ ကြာပါပြီ။ ကျွန်တော်တို့ ကုမ္ပဏီက သဘောင်္ ၃ စီးမှာ မကြာသေးခင်က ဖြစ်ခဲ့တယ်။ ဖြစ်တဲ့ အင်ဂျင်တွေကလဲ ကမ္ဘာကျော် ကုမ္ပဏီကြီး ၂ ခုက ထုတ်လုပ်ထားတဲ့ အင်ဂျင်တွေဖြစ်နေတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းရင်း ကတော့ Lack of Maintenance & Observation လို့ပဲထင်ပါတယ်။ ဒီနှစ်ခုကလဲ ကျွန်တော် တို့ ရေကြောင်းအင်ဂျင်နီယာတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေတာကြောင့် ရေးမိတာပါ။ လိုအပ်ချက်တွေ ရှိရင်လဲ ဝေဖန်ထောက်ပြပေးပါ ခင်ဗျား။

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း

၁။ လောင်စာ (Fuel)

Compressed Air နဲ့ အတူပါလာတဲ့ Air compressor မှ Lubricating Oil တွေ၊ Leaking Staring Air Valve က တဆင့် Combustion Chamber က Unburnt Fuel တွေ၊ Starting Air Line Manifold ထဲကို ရောက်နေမယ်။

၂။ အပူ (Heat)

ဒါကတော့ Leaking Starting Air Valve ကနေတဆင့် Manifold ထဲမှာ ရှိနေမယ်။

၃။ အောက်ဆီဂျင် (Oxygen)

Starting Air Line Manifold ဆိုတော့ ရှိနေပြီပေါ့ဗျာ

ပေါက်ကွဲမှုကတော့ သိတဲ့ အတိုင်း ၃ခုပေါင်းလို့ ဖြစ်ရတာပါ။

ကိုယ်တိုင် တခါမှ မကြုံဘူးပေမဲ့ အခုလို ၁ နှစ် ၂ နှစ်အတွင်း ကျွန်တော်တို့ ကုမ္ပဏီမှာ ဖြစ်ခဲ့တဲ့ Incident က ၃ ခု ဆိုတော့ ဒီကိစ္စက ပေါ့ဆလို့ မရဘူးဆိုတာ သတိပြုမိလာတယ်… ကံကောင်းထောက်မစွာ လူတွေကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး…

ဖြစ်စေတဲ့ အကြောင်းရင်း

ဖြစ်စေတဲ့ အကြောင်းရင်းကတော့ Lack of Maintenance နဲ့ Lack of Observation ပါပဲ။

Maintenance ကတော့ သတ်မှတ်ထားတဲ့ Running Hours ရောက်ရင် Starting Air Valve တွေကို Overhaul လုပ်ရမယ်… Clearance တွေ Maker သတ်မှတ်ထားတဲ့ Limit တွင်းမှာ ရှိ၊ မရှိ စစ်ဆေးမယ်။ Air Compressor တွေကိုလဲ Air Line ထဲ Lube Oil တွေ အများကြီးပါမသွားအောင် ကောင်းအောင် လုပ်ထားရမယ်။ Starting Air Bottles နဲ့ Starting Air Line တွေကို မှန်မှန် Drain လုပ်ပေးရမယ်။

Observation အပိုင်းကတော့ အရေးကြီးပါတယ်။ Duty Engineer နဲ့ Oiler တို့က Manoeuvring အချိန်အတွင်း စက်ခန်းရှိ Machinery တွေရဲ့ Conditon တွေကို အမြဲမပြတ်စစ်ဆးနေရသလို Starting Air Pipe တွေရဲ့ အပူချိန်ကို လက်ခုံနဲ့သော်၎င်း၊ Remote Digital Thermometer နဲ့သော်၎င်း၊ အမြဲမပြတ် စစ်ဆေးနေရပါမယ်။

Starting Air Valve တွေဟာ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ Arrival Maneouvring တွေမှာ ကပ်သွားတတ်ပါတယ်။ Jammed in close position ပါ။ အဲဒီအချိန်မှာ Starting Air Valve က ပိတ်လျက်အနေအထားမှာ ကပ်သွားတာဆိုတော့ စက်နှိုးပြီးတိုင်း လေပြန်အန်ထွက်တဲ့ အသံ အကျယ်ကြီး ကြားရပါတယ်… အဲလိုကြားရတဲ့ Starting Air Valve ကို မှတ်ထားပြီး ဆိပ်ကမ်းကပ်ပြီးတာနဲ့ ဖြုတ်လဲရမှာပါ… အဲဒီအခြေအနေကို Duty Engineer နဲ့ Oiler က မသိလို့သော်၎င်း၊ သိလျှက်နဲ့ အရေးတယုမရှိပဲ ပေါ့ပေါ့ဆဆ သဘောထားမယ်ဆိုရင် Departure မှာ ပြဿ    နာတက်နိုင်ပါတယ်… ဘာကြောင့်လဲဆိုတော့ Arrival မှာ Jammed in close position အနေအထားရှိနေတဲ့ Starting Air Valve ဟာ Departure မှာ Jammed in open position ဖြစ်သွားနိုင်ပါတယ်… အဲဒီအခြေအနေကို မသိရှိပဲ သဘောင်္ကဆက်မောင်းနေတယ်ဆိုရင်တော့ Starting Air Line Explosion ဖြစ်ပြီပေါ့… 

ဒါကြောင့်မို့ Duty Engineer နဲ့ Oiler တွေရဲ့ observation ကအရမ်းအရေးကြီးပါတယ်…Jammed in open position မှာ Starting Air Valve က လေပြန်အန်တဲ့ အသံအကျယ်ကြီး မကြားရနိုင်ပေမဲ့ Starting Air Line ရဲ့ အပူကို အမြဲစောင့်ကြည့်နေရင် ကြိုတင်သိရှိနိုင်တယ်။ ညှော်နံ့ရပြီး သိနိုင်တယ်။ နောက်ဆုံး ပိုက်လိုင်းတခုလုံး နီရဲနေပြီး အငွေ့တွေထွက်လာရင်တော့ စက်ကို အမြန်ဆုံးရပ်တန့်ဖို့ အကြောင်းကြားရမယ်။ ဒါမှမဟုတ် Emergency Stop Button ကို အလျှင်အမြန် နှိပ်လိုက်ဖို့ လိုအပ်ပါတယ်။ အနီးကပ်သွားကြည့်ပြီး Confirm မလုပ်သင့်ပါ။ တွေ့ကြုံရတဲ့ C/E တယောက်ပြောတာကတော့ သူကအနားသွားကြည့်ပြီး စက်ရပ်ဖို့ Main Engine Top Platform ပေါ်က ပြန်အဆင်းမှာ ပေါက်ကွဲမှု ဖြစ်တာလို့ပြောပြီး ဘာမှထိခိုက်မှုမရှိတာ ကံကောင်းတယ်လို့ ဆိုပါတယ်။

Starting Air Valve က Jammed in open position ဖြစ်ပြီး ပိုက်လိုင်းအပူချိန်မြင့်တက်နေတယ်ဆို ရင်  ပေါက်ကွဲမှုဆက်မဖြစ်အောင် Conventional Engine ဆိုရင် စက်ကို အလျှင်အမြန်ရပ်ရမယ်။ Electronically Controlled Engine ဆိုရင်တော့ အချိန်မီသေးတယ်ဆိုပါက Engine ကို Slow Down လုပ်ပြီး ၎င်း unit ကို individually fuel cut out လုပ်ပေးလို့ရပါတယ်။ အကောင်းဆုံးကတော့ Bridge ကို အကြောင်းကြားပြီး စက်ကို အမြန်ဆုံးရပ်လိုက်တာပါပဲ။

ကျွန်တော်ကတော့ Starting Air Valve ပိတ်ရက်အနေအထားမှာ ကပ်နေတာကို ကြိုသိခဲ့တာကြောင့် ကံကောင်းခဲ့ပါတယ်။ Arrival Maneouvring မှာ Engine Room 2nd Deck မှာရှိတဲ့ Engine Control Room ကအထွက် Engine Room 3rd Deck မှာရှိတဲ့ Main Engine Cylinder Head က Starting Air Valve က လေပြန်အန်ထွက်နေတဲ့ အသံကို ကြားမိပြီး အဲဒီ Starting Air Valve ကို ဆိပ်ကမ်းမှာ ဖြုတ်လဲနိုင်ခဲ့ပါတယ်။

စက်ခန်းထဲမှာ ကျွန်တော်တို့ရဲ့ Observation နဲ့ Maintenance ဟာ အရမ်းအရေးကြီးပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။


Starting Air Pipe After Explosion


 
Starting Air Valve After Explosion

No comments:

Post a Comment

Note: Only a member of this blog may post a comment.