Thursday, October 4, 2012

Oil Record Book နဲ့ ပတ်သက်လို့ ဆွေးနွေးချင်တာလေးတွေ…. အပိုင်း (၂)


 အပိုင်း (၁) ထဲက Sludge records: MARPOL violations in Germany ထဲမှာပါတဲ့… Case 2 လေးကိုလည်း ဖတ်မိမယ်ထင်ပါတယ်… အဲဒါကတော့ Section 3.1 ထဲမှာ Fuel Oil Drain Tank ကို Sludge Tank အနေနဲ့ ဖေါ်ပြထားပြီး… အဲဒီက ဆီတွေကို Transfer လုပ်ပြီး ပြန်သုံးတာကို Oil Record Book မှာထည့်ရေးတာ မမှန်ဘူး၊ Fuel Oil Drain Tank ထဲက Fuel တွေကို Main Engine အတွက် ပြန်မသုံးသင့်ဘူး… မီးရှို့ရင်ရှို့ပစ်… ဒါမှမဟုတ် ကမ်းနားပို့သင့်တယ်လို့ ထောက်ပြပါတယ်… အဲဒါရဲ့ အကျိုးဆက်အဖြစ် Record လုပ်ထားတဲ့ Quantity ဟာ ၁% Slugde မရှိတော့ဘူးပေါ့….

ဒီ Case နဲ့ပတ်သက်ပြီး German Authorities တွေက the supplement of IOPP Certificate မှာ မှားယွင်း ဖြည့်သွင်းထားတဲ့ အချက်၂ ချက်ကိုထောက်ပြသွားပါတယ်… 

၁။ Bilge Tank ဟာ Section 3.3 အောက်မှာ ရှိနေရမဲ့အစား Section 3.1 အောက်မှာ ရောက်နေတာ…
၂။ Fuel Oil Drain Tank ကို Sludge Tank အနေနဲ့ထားချင်ထား၊ ဒါမှမဟုတ်ရင်တော့ Section 3.1 ကနေ ဖျက်ပစ်ဖို့ပါပဲ…

အဲဒီတော့ Class က ပြန်လည်ရှင်းလင်းရာမှာ Sludge တွေကို ပြန်မသုံးဖို့ တားမြစ်ထားတဲ့ Rules and Regulations တွေ MARPOL ANNEX I သို့မဟုတ် the resolutions of MEPC မှာ မရှိဘူးလို့ဆိုပါတယ်… Owner ကိုလည်း Fuel Oil Drain Tank နဲ့ Sludge Pump ကြားမှာရှိတဲ့ပိုက်တွေ ဖြုတ်ပစ်ပြီး… Fuel Oil Drain Tank ကို Section 3.1 အောက်ကနေ ပယ်ဖျက်ပစ်ပြီး the supplement of IOPP Certificate ကို ပြန်ပြင်ဖို့ အကြံပြုပါတယ်…

အဲဒါကိုကြည့်ခြင်းအားဖြင့် Record လုပ်တဲ့နေရာမှာ မမှားအောင်ဂရုစိုက်ဖို့လိုပါတယ်…. Section 3.1 နဲ့ 3.3 အောက်က Tank တွေရဲ့ နံမည်တွေကိုလဲ ကိုယ့်သဘောင်္မှာ ဘယ်လိုပဲခေါ်ဝေါ်ပါစေ… Supplement ထဲက နံမည်တွေအတိုင်း Oil Record Book အတိအကျ ရေးသားပါလို့ ပြောချင်ပါတယ်…

Port တွေမဝင်ခင် Ship Waste Declaration မှာ ဖြည့်ပို့ရတဲ့အချက်အလက်တွေမှာလဲ Maximum dedicated storage Capacity ဆိုတဲ့နေရာမှာ Oily Residue ဆိုရင် Section 3.1 အောက်မှာရှိတဲ့ Tanks တွေအားလုံးပေါင်းရဲ့ Total Volume Capacity ကို ဖြည့်ရမှာပါ… အဲဒီလိုပဲ Oily Bilge water ဆိုရင် Section 3.3 အောက်မှာရှိတဲ့ Bilge Water Tanks တွေရဲ့ Total Volume Capacity ကိုဖြည့်ပါ… ဘာလို့ဒါတွေပြောနေရသလဲဆိုရင် မှားယွင်းဖြည့်နေတာတွေ တွေ့နေရလို့ပါပဲ….       

ဒါ့အပြင် Port Authority တွေက ခင်ဗျားတို့ သဘောင်္မှာရှိနေတဲ့ Tank Capacity နဲ့ ရှိနေတဲ့ Sludge / Bilge Water တွေရဲ့ ပမာဏကို တွက်ချက်ကြည့်ပြီး အရေးယူဆောင်ရွက်မှာဖြစ်လို့ Total Volume Capacity က မှန်ကန်ဖို့ လိုပါတယ်….

အဲဒါနဲ့ပတ်သက်လို့ Agent က ကျွန်တော်တို့သဘောင်္ကို ပေးပို့လိုက်တဲ့ Europe က ဆိပ်ကမ်းတခုရဲ့ Port Regulation for the Waste ဆိုတာလေးကို ဖတ်ကြည့်ပါအုံး….

Port regulation for the waste:
  • If you arrive without having discharge any waste (sludge + garbage) in an EU port before (…………, Port Name), you'll be taxable. Then we will discharge your garbage as it will be less expensive than to pay the tax.
  • If you intend to discharge your waste (sludge + garbage) in an EU port after (…………., Port Name), then you have to arrive in (…………., Port Name) with less than 50% of your tank capacity (sludge, bilge water, ...) otherwise port authorities will force you to discharge all your waste.
  • If you intend to discharge your waste (sludge) in a non EU port after (…………, Port Name), then you have to arrive with less than 25% of your tank cap capacity (sludge, bilge water, ...) otherwise port authorities will force you to discharge all your waste.
  • အဲဒီဆိပ်ကမ်းမရောက်ခင် တခြား EU Port တွေမှာ (Sludge+Garbage) မချခဲ့ရင် အခွန်ပေးရမယ်… ပြီးရင် Garbage ကိုလည်း ချရမှာပါ….
  • အကယ်၍ ဒီဆိပ်ကမ်းပြီး နောက် EU Port တခုမှာ (Sludge+Garbage) ချမယ်ဆိုရင် ဒီဆိပ်ကမ်း ရောက်တဲ့အချိန်မှာ Sludge တွေ Bilge Water တွေဟာ Tank Capacity ရဲ့ ၅၀% အောက်မှာရှိရမယ်…. ကျော်နေရင်တော့ မဖြစ်မနေ ဒီဆိပ်ကမ်းမှာ ချရတော့မှာပါ….
  • အကယ်၍ EU Port မဟုတ်တဲ့ ဆိပ်ကမ်းတခုမှာ ချမယ်ဆိုရင် အဲဒီဆိပ်ကမ်းကိုရောက်တဲ့ အချိန်မှာ Tank Capacity ရဲ့ ၂၅% အောက်မှာရှိရမယ်… ကျော်နေရင်တော့ မဖြစ်မနေ ဒီဆိပ်ကမ်းမှာ ချရတော့မှာပါ….
အဲဒီတော့ ဒီ Port Regulation လေးကိုပဲ နမူနာယူပြီး ဆိပ်ကမ်းတခုမဝင်ခင်မှာ… ကိုယ့်သဘောင်္မှာရှိနေတဲ့ Sludge နဲ့ Sludge Tank Capacity ကို တွက်ချက်ကြည့်ပြီး % ဘယ်လောက်ရှိနေတယ်… Local Port Regulation က ဘာလဲဆိုတာ ကြိုတင်သိထားသင့်ပါတယ်…

No comments:

Post a Comment

Note: Only a member of this blog may post a comment.