Friday, October 10, 2014

Ball Bearing တွေရဲ့ အကြောင်း တစေ့တစောင်း



Ball Bearing တွေရဲ့ အကြောင်းမပြောခင် Main L.O Pump Motor Failure မှ တန်ဖိုးကြီးကြီး ပေးဆပ်ရတဲ့ သင်ခန်းစာလေး တခု ပြောပြချင်ပါတယ်…

ကျွန်တော်တို့ ကုမ္ပဏီရဲ့ Training တခုမှာ တင်ပြသွားတဲ့ သင်ခန်းစာလေးပဲ ဖြစ်ပါတယ်…

သဘောင်္တစင်းရဲ့ No. 1 Main L.O Pump ရဲ့ E-Motor ဟာ Bearing Noise ဖြစ်နေတာကြောင့် အသုံးမပြုနိုင်ပဲ ရပ်ထားလိုက်ရပါတယ်… အဲဒီမော်တာကို အကြောင်းကြောင်းကြောင့် Overhaul မလုပ်မိပဲ တလကုန်လို့ Pump တွေပြောင်းတဲ့ အချိန်ကျတော့လဲ No. 2 Main L.O Pump အလှည့်ပဲမို့ ဆက်မောင်းထားပါတယ်… နောက်လရောက်တော့ No.1 L.O Pump E-Motor ကို Overhaul မလုပ်ရသေးတာကြောင့် No. 2 Pump ကို ဆက်မောင်းထားပြန်ပါတယ်… အဲဒီအချိန်ကျမှပဲ No. 1 L.O Pump ရဲ့ E-Motor ကို Overhaul လုပ်ဖြစ်ပါတယ်… Overhaul လုပ်ပြီး မကြာခင် Panama Canal မှာ No. 2 L.O Pump ရဲ့ E-Motor ဟာ Breakdown ဖြစ်သွားပါတယ်… အဲဒါနဲ့ ကုမ္ပဏီကို အကြောင်းကြားပြီး Motor အသစ်ကို အလျှင်အမြန် မှာပေမဲ့ Motor အသစ်ဟာ အကြောင်းကြောင်းကြောင့် မရရှိတဲ့ အပြင် No. 1 Main L.O Pump ကလဲ မကြာသေးမီကမှ Overhaul လုပ်ထားတာကြောင့် Standby Pump မရှိလဲ ခရီးဆက်လို့ရတယ်လို့ ယူဆခဲ့ကြပါတယ်… အဲဒီလိုနဲ့ Panama Canal ကထွက်ပြီး ၃ရက်ခန့်အကြာမှာ No. 1 Main L.O Pump ရဲ့ E-Motor ဟာ Bearing Failure ဖြစ်ပြီးလောင်သွားပြန်ပါတယ်… အစားထိုးစရာ Spare Motor ကလဲ မရှိတော့ ပင်မစက်ကြီး မောင်းမရတော့ပဲ ပင်လယ်ထဲမှာ ရွက်လွှင့်ရပြီပေါ့ဗျာ… အဲဒီ E-Motor Failure ကြောင့် ကုမ္ပဏီဟာ ဒေါ်လာ ၅သိန်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်…

အဲဒီမော်တာရဲ့ Driving End Bearing ဟာ Single Row Angular Contact Bearing ဖြစ်ပြီး ၂ လုံး တစုံ တပ်ထားပါတယ်… ကုမ္ပဏီကပြောတာကတော့ Bearing တွေကို တပ်ဆင်ပုံမှားလို့ Failure ဖြစ်ရတာလို့ ဆိုပါတယ်… တကယ်တော့ Bearing တွေရဲ့ Quality ကလည်း အလွန်အရေးကြီးပါတယ်… SKF တို့ FAG တို့လို ကုမ္ပဏီကြီးတွေက ထုတ်လုပ်တဲ့ genuine bearing လား pirate bearing တွေလား မသိနိုင်တာကြောင့် Bearing တွေကို supply လုပ်ရာမှာ တကယ်မှန်ကန်တဲ့ Bearing Supplier တွေဆီကပဲ ဝယ်ယူသင့်ပါတယ်… ဒီလိုပြောရတာလဲ တရုပ်ပြည်က supplier ဆီက bearing ကို Overhaul လုပ်ရာမှာ ထည့်သုံးမိလို့ နာရီ ၇၀၀ လောက် သုံးရုံနဲ့ မော်တာလောင်သွားတဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးကြောင့်ပါ…

မော်တာတွေဘာကြောင့်လောင်သလဲ

မော်တာတွေ ဘာကြောင့်လောင်သလဲ ဆန်းစစ်ကြည့်တဲ့အခါ Bearingတွေကြောင့်ဖြစ်တာက ၆၀-၇၀% ခန့်ရှိပြီး Insulation ကြောင့်လောင်တာက ၃၀-၄၀% ခန့် ရှိပါတယ်… 

Bearing Failure အများဆုံးဖြစ်စေတာကတော့ over/under lubrication ကြောင့်ပါပဲ… မမှန်ကန်သော lubrication ကြောင့် ဘယ်ရင်အိမ်ထဲမှာ အပူတွေဖြစ်ပေါ်စေပြီး Grease တွေကို ပျက်စီးစေကာ bearing failure ဖြစ်တတ်ပါတယ်…  ဘယ်ရင်ရဲ့ Temperature Limit ကို ကျော်လွန်သွားခြင်းကြောင့် ဘယ်ရင်များပျက်စီးကာ မော်တာများကို လောင်စေပါတယ်… ၁၅ ဒီဂရီ ဆဲလစီးယပ် ပိုအေးတိုင်း ဘယ်ရင်ရဲ့ သက်တမ်း ၂ ဆပိုလာပါတယ်…. Sealed Bearing တွေကတော့ Greasing လုပ်စရာ မလိုပေမဲ့ Open Type တွေကတော့ Graese ထိုးပေးရပါတယ်… Grease ကို ကျပ်သိပ်နေအောင် များစွာထိုးထားခြင်း သည်လည်း Overheat  ဖြစ်စေတတ်ပြီး မော်တာလောင်ကျွမ်းတတ်ပါတယ်… ပုံမှန်အားဖြင့် မော်တာလည်နေတဲ့ အချိန်မှာ Grease ကို ၃ ချက်မှ ၅ ချက်ခန့်ပဲ ထိုးသင့်ပါတယ်…

နောက်ထပ် Bearing Failure ဖြစ်နိုင်တဲ့ အချက်တွေကတော့ Misalignment နဲ့ High Ambient ပဲ ဖြစ်ပါတယ်… 

Angular Contact Bearing အကြောင်း

SKF ကတော့ Angular Contact Bearing တွေကို Single Row, Double Row နဲ့ Four-Point Contact ball bearing ဆိုပြီး ထုတ်ပါတယ်…

72 B(E) နဲ့ 73 B(E) series ထုတ်လုပ်ပြီး 70 B series အရွယ်အစားတချို့လဲ ထုတ်ပါတယ်…

အဲဒီကမှ Single Row Angular Contact Bearing ကို Basic Design နဲ့ Universal Matchable Bearing ဆိုပြီး ထပ်ထုတ်ပါတယ်…

Basic Design ကတော့ Bearing ကို တနေရာမှာ တလုံးထဲ တပ်ဆင်အသုံးပြုဖို့ ဖြစ်ပြီး နှစ်လုံးတွဲပြီး အသုံးပြုဖို့ မသင့်တော်ပါ… Universal Matchable Bearing တွေကတော့ အစုံလိုက် အသုံးပြုဖို့ ထုတ်လုပ်ထားတာပါ…

Angular Contact Bearing ဟာ ပုံမှန် Bearing တခုထက် ပိုပြီး heavy axial forces နဲ့ radial loads ခံနိုင်ရည်ရှိပြီး သူတို့ရဲ့ တည်ဆောက်ပုံအရ misalignment ကိုလည်း အတိုင်းအတာ တခုအထိ ခံနိုင်ရည်ရှိပါတယ်… Contact Angle များလာရင် Axial Load ကို ပို ခံနိုင်ရည်ရှိလာပါတယ်… Contact Angle ဆိုတာ Race way တခုကနေ တခုကို ဝန်ရောက်သွားတဲ့ မျဉ်းနဲ့ ဘယ်ရင်ဝင်ရိုးကို ထောင့်မှန်ကျတဲ့ မျဉ်းတို့ရဲ့ ကြားထဲက ထောင့်ကိုခေါ်တာပါ… အောက်ကပုံကို ကြည့်ပါ…


Angular Contact Bearing ကို တပ်ဆင်ရာမှာ တလုံးထဲဆိုရင် အပေါ်အောက် ဒါမှမဟုတ် ရှေ့နောက်မှားလို့မရပါဘူး… ဘာကြောင့်လဲဆိုရင် Axial Load/Thrust Force ဟာ အပေါ်ကပြထားတဲ့ ပုံ အတိုင်း မှန်ကန်စွာ ရောက်မသွားတဲ့အတွက်ကြောင့် အချိန်တိုအတွင်း Failure ဖြစ်သွားနိုင်ပါတယ်…

Angular Contact Bearing တွေကို သေချာကြည့်ရင် အတွင်းကွင်းရော အပြင်ကွင်းရော တဖက်နဲ့ တဖက် အထူအပါး မတူဘူးခင်ဗျ… အဲဒီတော့ ရုတ်တရက်ဖြုတ်လိုက်မိလို့ တပ်ဆင်ထားပုံကို သေချာစွာ မမှတ်မိဘူးဆိုရင် ရမ်းသန်း မတတ်ကြ ပါနဲ့… ပြောင်းပြန်တတ်မိပြီး Purifier Vertical Shaft က Bearing Failure ဖြစ်သွားတာ ကြုံဘူးလို့ပါ… 

Purifier တွေရဲ့ Vertical Shaft တွေရဲ့ Bottom Bearing တွေဟာ Angular Contact Bearing တွေပဲ ဖြစ်ပါတယ်… Manual တွေထဲမှာ ဘယ်လိုတပ်ဆင်ပါဆိုတာ သေချာပြောပြထားပေမဲ့ တခါတခါ မှားယွင်းတတ်ပါတယ်… 

ဒါကြောင့်မို့ Bearing နံပါတ်က ၇ နဲ့ စရင် ဒါမှမဟုတ် Inner Race/ Outer Race က အတော်လှုပ်နေရင် Bearing ကို သေချာကြည့်ပါ… Angular Contact Bearing ဖြစ်ပါလိမ့်မယ်… တတ်တဲ့အခါမှာ Axial Load နဲ့ Thrust Force လာမဲ့ဘက်ကို Inner Race (အတွင်းကွင်း)က ထူတဲ့ဘက်ကို ထားပေးရပါမယ်… ပါးတဲ့ဘက် မဟုတ်ဘူးနော်… အပေါ်ပုံကိုကြည့်ရင် ရှင်းသွားမှာပါ… 

ဒါကတော့ Angular Contact Bearing တလုံးထဲ တပ်ဆင်ပုံပါ…

Angular Contact Bearing တစုံ (၂လုံး) တပ်ဆင်မယ်ဆိုရင်တော့ အောက်က ပုံအတိုင်း ၃ မျိုးတပ်ဆင်လို့ရပါတယ်…
ပုံလေးကိုကြည့်ရင် ရှင်းပါတယ်…  



Tandem arrangement

Bearing တလုံးထဲက ဝန်ကို မထမ်းနိုင်တဲ့အခါမျိုးမှာ Tandem arrangement ကို သုံးသည်… ဤသို့တပ်ဆင်သောအခါ ဘက်မှားတပ်လို့မရပါ… ဘယ်ရင်ပေါ်သို့ ဝန်သက်ရောက်မှုဟာ အပြိုင်ဖြစ်နေပြီး Axial နဲ့ Radial Load တွေကို Bearing တွေက အညီအမျှ ခံစားရမှာ ဖြစ်ပါတယ်… Axial Load ကိုတော့ One Direction ကလာတာကိုပဲ ခံနိုင်ပါတယ်… Both Directions က လာမယ်ဆိုရင်တော့ တတိယ Bearing တလုံးကို တပ်ဆင်ရမှာ ဖြစ်ပါတယ်… 

Back-to-back arrangement

ဘယ်ရင် ၂ လုံးကို Back to Back တပ်ဆင်တဲ့အခါ တောင့်တင်းပြီး အတိမ်းအစောင်းလဲ ခံပါတယ်… ဝန်သက်ရောက်မှုလမ်းဟာ ဘယ်ရင်ဝင်ရိုးဆီသို့ ဖြာထွက်သွားပါတယ်… Axial Load နှစ်ဘက်စလုံးမှ သက်ရောက်မှုကို ခံနိုင်သော်လည်း One Direction ကို ဘယ်ရင်တလုံးဆီကပဲ ထမ်းထားမှာ ဖြစ်ပါတယ်…

Face-to-face arrangement  

ဘယ်ရင် ၂ လုံးကို ပုံပါအတိုင်း face to face တပ်ဆင်တဲ့အခါ back to back လောက် တောင့်တင်းမှုမရှိပေမဲ့ Misalignment ကို ပိုခံနိုင်ပါတယ်… ဝန်သက်ရောက်မှုလမ်းဟာ ဘယ်ရင်ဝင်ရိုးဆီသို့ စုသွားပါတယ်… Axial Load နှစ်ဘက်စလုံးမှ သက်ရောက်မှုကို ခံနိုင်သော်လည်း One Direction ကို ဘယ်ရင်တလုံးဆီကပဲ ထမ်းထားမှာ ဖြစ်ပါတယ်…

Angular Contact Bearing တွေကို အသုံးပြုရင် တလုံးထဲသုံးတာနဲ့ ၂လုံးတွဲ သုံးတာမှာ Bearing ရဲ့ Basic Number က တူပေမဲ့ နောက်ဆက်တွဲ Suffix အက္ခရာတွေက မတူပါဘူးခင်ဗျာ…

Bearing Number တွေအကြောင်း အနည်းငယ်ရှင်းပြပါရစေ…
သူ့မှာ (1) Prefix (2) Basic Design Number နဲ့ (3) Suffix ဆိုပြီးရှိပါတယ်…

                                                                                
     6001 2RS bearing ဆိုပါစို့....

(1) Prefix 

ဘယ်ရင်ထုတ်တဲ့ကုမ္ပဏီတွေကလဲ ကိုယ်ပိုင် Prefix တွေကို ဖန်တီးကြပါတယ်… ဒါကြောင့် ကွဲပြားနိုင်ပါတယ်… 

(2) Basic Design Number
6001 ရဲ့ ပထမဆုံး ဂဏန်း “6” 

ဘယ်ရင်ရဲ့ Basic Number ထဲက ပထမဆုံး ဂဏန်းဟာ ဘယ်ရင် အမျိုးအစားကို ဖော်ညွှန်းပါတယ်… အပေါ်ကဖော်ပြထားတဲ့ ဂဏန်းမှာ 6 ဖြစ်နေတော့ Deep Grooved Roller Bearing အမျိုးအစားဖြစ်ပါတယ်…

First Number က
1 ဆိုရင် Self-Aligning Ball Bearing   
2 ဆိုရင် Barrel & Spherical Roller Bearing   
3 ဆိုရင် Tapered Roller Bearing     
4 ဆိုရင် Deep Groove Double-Row Bearing     
5 ဆိုရင် Axial Deep Groove Ball Bearing (Thrust Ball Bearing) 
6 ဆိုရင် Deep Groove Ball Bearing (Single Row)     
7 ဆိုရင် Single Row Angular Contact Ball Bearing       
8 ဆိုရင် Axial Cylinderical Roller Bearing (Cylinder Roller Thrust Bearing)     

6001 ရဲ့ ဒုတိယ ဂဏန်း “0”

ဒုတိယအက္ခရာကတော့ ဘယ်ရင်ရဲ့ တောင်းတင်းခံနိုင်ရည်ရှိမှုကို ကိုယ်စားပြုပါတယ်… သူရဲ့ စကေးက 9 မှ 4 အထိရှိပြီး အတွင်းကွင်း (Inner Race) နဲ့ အပြင်ကွင်း (Outer Race) တွေဟာ တဆင့်ခြင်းထူသွားသလို Ball အရွယ်ကလဲ ကြီးလာပြီး ဝန်အပိုကို ထမ်းနိုင်လာပါတယ်…

9 ဆိုရင် Very Thin Section
0 ဆိုရင် Extra Light
1 ဆိုရင် Extra Light Thrust
2 ဆိုရင် Light
3 ဆိုရင် Medium
4 ဆိုရင် Heavy
6001 က Extra Light ဆိုတော့ 6201, 6301 ထက်ပိုသေးတာပေါ့…

6001 ရဲ့ တတိယနဲ့ စတုတ္ထ ဂဏန်း “01”

6001 ရဲ့ တတိယနဲ့ စတုတ္ထ ဂဏန်းကတော့ ဘယ်ရင်ရဲ့ Bore Size ကို ပြောတာပါ ခင်ဗျ…. 00 ကနေ 03 အထိတော့ သီးသန့် Bore Size ရှိပါတယ်… 00 ဆိုရင် 10 mm၊   01 ဆိုရင် 12 mm၊   02 ဆိုရင် 15 mm၊    03 ဆိုရင် 17 mm ရှိပါတယ်… 04 ကစပြီး ဘယ်ရင်ရဲ့ နောက်ဆုံး ဂဏန်း ၂လုံး ကို ၅ နဲ့ မြှောက်ရင် Bore Size ကိုရပါတယ်….

ဥပမာ
04  ဆိုရင် Bore Size 04 x 5 = 20 mm
0          08   ဆိုရင် Bore Size 08 x 5 = 40 mm
11  ဆိုရင် Bore Size 11 x 5 = 55 mm

(3)Suffix
      
      Suffix တွေကလဲ အမျိုးမျိုး ရှိပြီး အောက်ပါ အချက်တွေကို ပံ့ပိုးပေးပါတယ်…
    (၁)  Cage Type (၂) Internal Design (၃) Seal (၄) Lubricant used (၅) Tolerances (၆) Internal clearance 
    (၇)  External Design တို့ဖြစ်ပါတယ်…

    2RS ဆိုရင် ၂ဘက်စလုံးကို Rubber seal နဲ့ ပိတ်ထားမယ်…
    RS ဆိုရင် တဘက်ကို Rubber seal နဲ့ ပိတ်ထားပြီး တဖက် ဖွင့်ထားမယ်…
    2Z / ZZ ဆိုရင် ၂ဘက်စလုံးကို Metal seal နဲ့ ပိတ်ထားမယ်…
    Z ဆိုရင် တဘက်ကို Metal seal နဲ့ ပိတ်ထားပြီး တဖက် ဖွင့်ထားမယ်…

   အဲဒါကိုကြည့်ပြီး 6001 2RS အဓိပ္ပါယ်ဖွင့်ရရင် Deep Groove Roller Bearing, Extra Light, rubber sealed in both side 
လို့ ပြောရင်ရပါတယ်…

Suffix မှာ နောက်ထပ်အက္ခရာတွေ အများကြီးရှိပါသေးတယ်…
ဘယ်ရင်တွေမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေပေါ် မူတည်ပြီး Prefix နဲ့ Suffix တွေ ကွဲပြားပါတယ်…

SKF ရဲ့ Single Row Angular Contact Bearing မှာ

A ဆိုရင် Contact Angle 30°
B ဆိုရင် Contact Angle 40°

C2 ဆိုတာ Axial Internal Clearance Smaller Than Normal
C3 ဆိုတာ Axial Internal Clearance Greater Than Normal
C4 ဆိုတာ Axial Internal Clearance Greater Than C3 ဖြစ်ပါတယ်…
စက်ခန်းထဲမှာ (High ambient teamperture) မှာ အသုံးပြုတဲ့ အတွက်ကြောင့် Internal Clearance ပိုများတဲ့ C3 Bearing ကို အသုံးပြုသင့်ပါတယ်…

၂ လုံးတွဲတဲ့ Universal Matchable Bearing တွေမှာဆိုရင်

CA ဆိုတာ Axial Internal Clearance Smaller Than Normal (CB)
CB ဆိုတာ  Axial Internal Clearance Normal
CC ဆိုတာ Axial Internal Clearance Greater Than Normal (CB) 

G ဆိုရင် Universal matched Bearing ဖြစ်ပြီး axial internal clearance ရှိတာကို ပြပါတယ်… 
GA ဆိုရင် Light Preload
GB ဆိုရင် Moderate Preload
GC ဆိုရင် Heavy Preload

DB ဆိုရင် Two bearing matched for mounting back-to-back
DF ဆိုရင် Two bearing matched for mounting face-to-face
DT ဆိုရင် Two bearing matched for mounting in tandem 

အဲဒီလို Prefix တွေ Suffix တွေ ကွပြားခြားနားနေတာကြောင့် ကိုယ်အသုံးပြုမဲ့ Ball Bearing Brand အကြောင်းကိုတော့ သိရှိဖို့လိုနေပြီလို့ ခံစားမိပါတယ်… ဘာကြောင့်လဲဆိုရင် ပစ္စည်းမှာတဲ့အခါ Vendor တွေဆီကမှာပါတယ်… Vendor တွေကလဲ Bearing ရဲ့ နံပါတ်ကိုပဲ အလေးထားပြီး Prefix / Suffix တွေကို လစ်လျူ ရှုတတ်ပါတယ်… ဒါကြောင့်မို့ Suffix တွေကို မသိခဲ့ရင် တပ်ဆင်တဲ့ အခါ မှားယွင်းမှုတွေ ဖြစ်နိုင်ပါတယ်လို့ ထောက်ပြချင်သလို ဘယ်ရင်နံပါတ် အချို့ကို အဓိပ္ပါယ်ဖွင့်ရင်းနဲ့ အဆုံးသတ် လိုက်ချင်ပါတယ်…

7210 BG ဘယ်ရင်ဆိုပါစို့။ Universal single row angular contact bearing, Bore size = 50mm, Contact angle = 40° with axial clearance လို့ အဓိပ္ပါယ် ဖွင့်ရပါမယ်… Universal bearing ဖြစ်ပြီး back to Back, face to face နဲ့ tandem arrangement တွေမှာ သုံးလို့ရပါတယ်…

7210 B DB ဆိုရင် Universal matchable bearing (Pair of bearings) in a back to back arrangement လို့ ဆိုလိုပါတယ်… face to face နဲ့ Tandem arrangement တွေမှာ သုံးလို့ မရဘူးနော်…


ကိုးကား။ SKF/NSK/Internet

No comments:

Post a Comment

Note: Only a member of this blog may post a comment.