Saturday, September 26, 2015

European Union (EU) အဖွဲ့ဝင်နိုင်ငံများသို့ ဝင်ထွက်နေသာ သဘောင်္များမှ Fuel Sample ယူခြင်း၊ စစ်ဆေးခြင်းနှင့် ပတ်သက်၍ သိထားသင့်သည်များ

EU အဖွဲ့ဝင်နိုင်ငံများသို့ ဝင်ထွက်နေသော သဘောင်္များမှ Fuel များ၏ Sulphur ပါဝင်မှုကို စစ်ဆေးရမည့် နည်းလမ်း၊ အကြိမ်အရေအတွက်နှင့် ပတ်သက်သော လုပ်ပိုင်ခွင့် နည်းဥပဒေကို Commission Implementing Decision (EU) 2015/253 အရ ပြဌာန်းလိုက်ပြီဖြစ်သည်။

(၁) EU အဖွဲ့ဝင်နိုင်ငံများသို့ တနှစ်တာအတွင်း ဝင်ထွက်နေသော သဘောင်္အရေအတွက်၏ ၁၀ ရာခိုင်နှုန်းမှ Ship Log Books နှင့် Bunker Delivery Note များကို စစ်ဆေးမည်။

ထို့အပြင် ၁-ဇန်နဝါရီ ၂၀၁၆ မှစပြီး သဘောင်္ပေါ်မှာ အသုံးပြုနေသော ဆီ (Fuel) ၏ ဆာလဖာ (Sulphur) ပါဝင်မှုကို Fuel Service System မှ ဆီနမူနာယူ၍သော်၎င်း၊ သို့မဟုတ် Seal လုပ်ထားသော Bunker Sample မှ ဆီနမူနာကို သော်၎င်း၊ သို့မဟုတ် အထက်ပါနည်း ၂ မျိုးလုံးသုံး၍ သော်၎င်း၊ အောက်ပါ ရာခိုင်နှုန်းအတိုင်း စစ်ဆေးမည်ဖြစ်သည်။

      (က) SECAs (Baltic Sea area and the North Sea specified in regulation 14.3.1 of MARPOL ANNEX VI) နယ်နမိတ်အတွင်း လုံးဝပါဝင်နေသော EU အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါက တနှစ်တာအတွင်း ဝင်ထွက်နေသော သဘောင်္ အရေအတွက်၏ ၄၀%

         (ခ) SECAs နယ်နမိတ်အတွင်း တပိုင်းတစပါဝင်နေသော အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါက ၃၀%၊

         (ဂ) SECAs နယ်နမိတ်အတွင်း မပါဝင်သော အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါက ၂၀% (၁ ဇန်နဝါရီ ၂၀၂၀ တွင် ၃၀% ဖြစ်မည်)

ဆီနမူနာ ယူရာတွင် Flag Administration (သို့) Flag ကိုယ်စား အသိအမှတ်ပြု အဖွဲ့အစည်းမှ အတည်ပြုထားသော သဘောင်္၏ Fuel Piping Arrangement Plan တွင် နေရာသတ်မှတ်ဖော်ပြထားသော Sample Valve မှ ယူရမည်။

အကယ်၍ အထက်ပါအတိုင်း သတ်မှတ်မထားပါက Sample Valve နေရာသည် အောက်ပါအချက်များနှင့် ပြည့်စုံရမည်။

       (က) လွယ်ကူစိတ်ချရသော နေရာ ဖြစ်ရမည်။

       (ခ) Grade မတူသော ဆီများကို စက်မှ အသုံးပြုသောနေရာ ဖြစ်ရမည်။

       (ဂ) Fuel Service Tank မှ လာသော နေရာ ဖြစ်ရမည်။

      (ဃ) ဆီအမျိုးအစား၊ Flow Rate၊ အပူချိန်၊ ဖိအားတို့ကို ထည့်သွင်းစဉ်းစား၍ စက်နှင့်အနီးဆုံး ဆီအဝင်နေရာ ဖြစ်ရမည်။

      (င) သဘောင်္မှ အဆိုပြု၍ စစ်ဆေးရေးမှူးမှ လက်သင့်ခံသော နေရာဖြစ်ရမည်။


(၂) အကယ်၍ Fuel Sample Valve ကို modification လုပ်၍ တတ်ဆင်မည်ဆိုပါက approval လုပ်ရန်၊ survey လုပ်ရန် လိုအပ်ပါသည်။

(က) Plan Approval
Modification လုပ်ထားသည့် Fuel Oil Piping Diagram ကို Class သို့ တင်ပြ၍ Approval ယူရမည်။

(ခ) အောက်ပါအတိုင်း Survey ပြုလုပ်ရမည်။
     (၁) Modification လုပ်ထားငြ်းကို အတည်ပြုခြင်း
     (၂) Hydrosatatic Test (သို့) Leak Test ပြုလုပ်ခြင်းတို့ ပြုလုပ်ရမည်။
  

Ref: Technical Information TEC-1047, Class NK
 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.