Monday, September 7, 2015

Oil Record Book entries: Machinery space operations (Part 1)


UK P&I Club က Oil Record Book entries: Machinery space operations (Part 1) အတွက် Technical Bulletin ဖြစ်ပါတယ်။ ၂၀၁၁ ထဲက ဖြန့်ချီထားတာဖြစ်ပေမဲ့ မသိသေးတဲ့သူတွေအတွက် တင်ပေးတာ ဖြစ်ပါတယ်။ 









သတိပြုစရာလေးတွေကတော့
(၁) Manual collection of oil residue (Code “C”, item “11.4”) ရေးသွင်းခြင်းကို နမူနာယူရန်
(၂) Internal transfer (Draining of water from oil residue) (Code “C”, item “12.2”) ရေးသွင်းခြင်းကို နမူနာယူရန်
(၃) Methods of disposal of oil residue (Code “C”, item “12.4” Other Method) မှာ Evaporation of water from sludge ရေးသွင်းခြင်းကို နမူနာယူ၍ ORB တွင် ရေးသားရန်
(၄) Disposal of bilge water overboard via 15ppm equipment က Code “D”, item 14 တွင် အကြံပြုချင်သည်မှာ OWS တွင် Historical Record ပါရှိပါက ၎င်း Record မှ GMT အချိန်ကိုကြည့်၍ Oil Record တွင် ဖြည့်သင့်ပါသည်။ Local time ဖြည့်လျှင်လည်းရပါသည်။ သို့သော် Local Time နှင့် Record မှ အချိန်တို့ အနည်းငယ်ကွဲလွဲမှု ဖြစ်တတ်သဖြင့် Historical Record ကို ကြည့်ပြီး ORB တွင် GMT အချိန်ကို ဖြည့်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ Historical Record မရှိပါက Local Time ကိုသာ ဖြည့်ပါ။
ဥပမာ၊ Start: GMT 0800 hr, Stop: GMT 1130hr
(၅) Optional sealing & breaking of seal of MARPOL Annex 1 related valve and/or equipment ကို Code “I” နှင့်ရေးသားခြင်း၊
(၆) Testing of 15ppm alram ကို Code “I” နှင့် ရေးသားခြင်း၊
(၇) Cleaning of 15ppm bilge separator unit ကို Code “I” နှင့် ရေးသားခြင်း၊
(၈) Voluntary weekly declaration of bilge tank retention quantity ကို Code “I” နှင့် ရေးသားခြင်း၊
(၉) Bunkering of fuel or bulk lubricating oil (Code “H”, item “26.2”) တွင် Date ကိုပါထည့်သွင်းရေးသားသင့်ပါသည်။
ဥပမာ၊ Start: 30-Jan-2011/400hr; Stop: 30-Jan-2011/1300hr
(၁၀) Bulk lubricating oil ၏ quantity ကို ရေးသားရာတွင် liter နှင့် မဟုတ်ပဲ tons (MT) နှင့် ရေးသားရမည်။
(၁၁) Grade တခုစီ အတွက် သီးခြား entries ပြုလုပ်ရမည်ဖြစ်ပြီး drum များဖြင့် supply လုပ်သော lubricating oil များကို ဖြည့်သွင်းရန် မလိုပါ။

အထက်ပါ Bulletin တွင် မပါဝင်ပဲ IMO က ထုတ်ဝေသော Guidence (MEPC.1/Circ.736/Rev.2) တွင် ပါဝင်သော Oil filtering equipment’s failure ဖြစ်ပါက Code “F” နဲ့ ရေးသားခြင်း၊ Accidental Poilution ဖြစ်ပါက Code “G” နဲ့ ရေးသားခြင်း၊ Cargo hold bilge holding tank မှ Bilge water ကို Tank listed under item 3.3 (oil residue tank) သို့ pumping လုပ်ပါက Code “I” နဲ့ ရေးသားခြင်း၊ ရက်ကျော်သွားပြီးမှ Code “I” နှင့် ပြန်လည်ရေးသားခြင်းတို့ကို နမူနာ ယူ၍ ရေးသားနိုင်ပါသည်။  

ကိုးကား၊ UK P&I Club Technical Bulletin Number 35
 


No comments:

Post a Comment

Note: Only a member of this blog may post a comment.